Navigation - link to other main sections from here


ဘင်္ဂလားဒေ့ရှ် - မြန်မာ - တရုတ် ကားလမ်း စီမံကိန်း အကောင် အထည် ဖော်ရန် တရုတ် သဘောတူ


တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဆိုပြု ထားသည့် ဘင်္ဂလားဒေ့ရှ် - မြန်မာ - တရုတ် ကားလမ်း စီမံကိန်း အကောင် အထည် ဖော်ရေး အဆို ပြုချက်ကို သဘောတူ လိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ က ကြေညာသည်။ ဝန်ကြီးချုပ် ဟာဆီနာ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရုတ် ဒုတိယ သမ္မတ Xi Jinping တရားဝင် လာရောက် လည်ပတ် သွားပြီး နောက် ဇွန်လ ၁၆ ရက် နေ့က ကျင်းပသည့် ဘင်္ဂလားဒေ့ရှ် ပါလီမန် အစည်း အဝေးတွင် အထက်ပါ အတိုင်း သတင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကားလမ်း စီမံကိန်းနှင့် စပ်လျဉ်း၍ လေ့လာခြင်း နှင့် ဒီဇိုင်း ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘဏ္ဍာငွေ ကျခံမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် - မြန်မာ ကားလမ်းကို အဆင့် နှစ်ဆင့်ဖြင့် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးချုပ်က ဆိုသည်။ ယင်း စီမံကိန်း ပထမ အဆင့်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းရှိ ရာမူးမြို့မှ ဂန်ဒမ်းမြို့သို့ နှစ်ကီလိုမီတာ အရှည်ရှိ လမ်း တည်ဆောက်ခြင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ဘရိုမြို့မှ မြန်မာနိုင်ငံ အတွင်းရှိ ဘိုလီဘာဇာ အရပ်သို့ ၂၃ ကီလိုမီတာ အရှည်ရှိ ကားလမ်း ဖောက်လုပ် ခြင်းတို့ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်ရေး အတွက် လည်းကောင်း၊ တရုတ် နိုင်ငံနှင့် အထွေထွေ ဆက်ဆံရေး ကောင်းနေစေရန် လည်းကောင်း ကြိုး ပမ်းလျက်ရှိရာ ဘင်္ဂလားဒေ့ရှ် - မြန်မာ ကားလမ်း စီမံကိန်း အပြင် ရထားလမ်း ဆက်သွယ် ဖောက်လုပ်ရေး ကိုပါ ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှိတ်ခ်ဟာဆီနာက ဆိုသည်။ AP သတင်း ဖော်ပြချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံ တို့နှင့်လည်း ကားလမ်း၊ ရထားလမ်းများ ဖောက်လုပ် ဆက်သွယ်ရန် ကြိုးပမ်း နေကြောင်း သိရသည်။ ဘင်္ဂလား ဒေ့ရှ်-မြန်မာ ကားလမ်း စီမံကိန်း ဒုတိယ အဆင့်မှာ ကီလိုမီတာ ၁၁၀ ရှိမည် ဖြစ်ပြီး ဘိုလီဘာဇာ အရပ် နှင့် ကျောက်တော်မြို့ကို ဆက်သွယ် ထားမည် ဖြစ်သည်။ ယင်း ဒုတိယ အဆင့်ကို မြန်မာနိုင်ငံက တာဝန်ယူ တည်ဆောက် မည်ဟု မစ္စဟာဆီနာက ထပ်လောင်း ပြောကြားသည်။ အဆိုပါ ကားလမ်း စီမံကိန်း အရ ကျောက်တော်မြို့မှ တစ်ဆင့် ကူမင်းမြို့သို့ ဆက်သွယ် သွားလာရန် ဘင်္ဂလားဒေ့ရှ် အစိုးရက မျှော်မှန်း ထားကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။


၂၀ . ၆ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats