ယာဉ်လိုင်း များတွင် ကြိုတင် ငွေပေး စနစ်နှင့် အသုံးပြု နိုင်သော E-ticket စနစ်သို့ ကူးပြောင်းရန် စတင် စီစဉ် နေသော်လည်း လက်တွေ့ အသုံးချရန် လာမည့် ငါးနှစ် အတွင်း သာမက ရာစုနှစ် တစ်ခုလောက် အထိ မဖြစ်နိုင် သေးကြောင်း ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ ဒီ E-ticket စနစ် (ကြိုတင်ငွေပေး) နဲ့ လိုင်းကားစီး နိုင်ဖို့ ဆိုတာ အားလုံး စည်းကမ်း ကောင်းမှ ရမယ်။ စတင် ကျင့်သုံးရင် ယာဉ် အကူ မလိုတော့ဘူး ဆိုတော့ လက်ရှိ စပယ်ယာတွေ အနေနဲ့ အလုပ် အကိုင် အခက်အခဲ ရှိလာမယ်။ ကတ်ဝယ်စီးမယ့် သူတွေလည်း စည်းကမ်း ကောင်းဖို့ လိုတယ်။ ယာဉ်မောင်းတွေ လည်း စည်းကမ်း ရှိဖို့ လိုတယ်။ အရင် လိုလူ အများကြီး ကျပ်သိပ် နေအောင် တင်လို့ မရဘူး။ ထိုင်ခုံ အပြည့်ပဲ တင်ရမယ်။ ဒါတွေ အားလုံး ပြုပြင်ဖို့ အတွက် နောင်ငါးနှစ် အတွင်း မှာတောင် ဒီစနစ်ကို အသုံး ပြုဖို့ အဆင်မပြေ နိုင်သေးကြောင်း ၄င်းက ဆိုသည်။ယင်းစနစ်ကို ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးနှင့် e-Trade myanmar တို့မှ စီစဉ် ပြုလုပ် သွားရန် ဆွေးနွေး ညှိနှိုင်းဆဲ ဖြစ်သည်။ ပြည်ပ နိုင်ငံများ တွင် လည်း ၄င်း စနစ်ကို တွင်ကျယ်စွာ အသုံးပြုလျက် ရှိသည်။ မြန်မာနိုင်ငံ အနေ နှင့် အသုံးပြု ရန် အခက်အခဲ အမျိုးမျိုး ရှိနေသောကြောင့် လက်တွေ့ အသုံးပြုရန် ကြန့်ကြာ ဦးမည် ဖြစ်ကြောင်း ၄င်း က ဆက်လက် ပြောဆို သည်။ E-ticket စနစ် မကျင့် သုံးမီ ပါရမီ ၂၃၂ ယာဉ်လိုင်းတွင် ငွေထည့်သည့် ပုံးကို မေလ မှ စတင် စမ်းသပ် ကျင့်သုံး နေပြီး နောက်ပိုင်း ကာလ များတွင် ၄င်း ငွေထည့်ပုံး များကို အထူး ယာဉ်လိုင်း များတွင် တပ်ဆင် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောပါ သည်။ ပါရမီ၊ အဓိပတိ ယာဉ် လိုင်းများ ကို ၂၀ဝ၆ ခုနှစ်မှ စတင် ပြေးဆွဲခဲ့ပြီး အဓိပတိ ယာဉ်လိုင်း ၄ လိုင်း၊ ပါရမီ ယာဉ်လိုင်း ၁၂ လိုင်း ရှိပြီး ကားစီရေ ၄၀ဝ ကျော်နှင့် မြိုတွင်း ပြေးဆွဲလျက်ရှိကြောင်း True News Journal ဖော်ပြ ထားသည်။
၁၆ . ၆ . ၂၀၁၀
|

0 comments:
Post a Comment