Navigation - link to other main sections from here


အခွန် တံဆိပ် ကပ်မထားသည့် ကုန်စည် များကို လိုက်လံ စစ်ဆေးမည်


အခွန် အမှတ် တံဆိပ် တပ်ဆင် ထားခြင်း မရှိသည့် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်၊ သောက်ရေသန့် အစရှိသည့် ပစ္စည်း များကို စားသောက်ဆိုင်၊ ဟိုတယ် နှင့် တည်းခိုခန်း များ အထိ လိုက်လံ စစ်ဆေး မှုများ ပြုလုပ် နေပြီဟု သိရသည်။ အခွန် အမှတ် တံဆိပ်များ ကပ်နှိပ်ခြင်း ကို ယခုနှစ် မတ်လ အတွင်း စစ်ဆေးရေး အဖွဲ့ များမှ စက်ရုံ အလုပ်ရုံ လက်လီ၊ လက်ကား ဖြန့်ဝေ သည့် နေရာ များတွင် လိုက်လံ တံဆိပ် ကပ်နှိပ် ပေးခြင်း များ ပြုလုပ်ပြီး ဖြစ်သည်။ ဧပြီလ မှ စတင်ကာ စစ်ဆေးခြင်းများ ပြုလုပ်ပြီး စစ်ဆေး ရာတွင် အခွန် အမှတ် တံဆိပ် ကပ်နှိပ် ထားခြင်း ရှိ မရှိ၊ ကပ်ထားသော အမှတ် တံဆိပ်မှာ ပြည်တွင်း အခွန် ဦးစီးဌာနမှ ထုတ်ပေး ထားသည့် အမှတ် တံဆိပ် ဟုတ် မဟုတ်၊ ကုန်စည် အမျိုး အစား နှင့် ကပ်နှိပ် ထားသည့် အမှတ် တံဆိပ် မှန်ကန်မှု ရှိ မရှိ၊ ကပ်နှိပ် ထားသည့် တံဆိပ် အမျိုး အစား နှင့် ရောင်းချသူ ရောင်းဈေး ကိုက်ညီမှုရှိ မရှိ၊ အခွန် တံဆိပ် ကပ်နှိပ် ထားသည့် နေရာ မှန်မမှန် များကို စစ်ဆေး သွားမည်ဟု သိရသည်။ စစ်ဆေးမှု တွင် တံဆိပ် တုများ ထုတ်လုပ်သူ နှင့် တံဆိပ် ကပ်နှိပ်ခြင်း မရှိသည့် ပြည်ပထုတ် ပစ္စည်းများ ဖြစ်ပါက ပစ္စည်း များအား သိမ်းဆည်းကာ လူအား အခွန်ဥပဒေ အရ ထိမ်ချန်မှု အတွက် ဒဏ်ရိုက်ခြင်း၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၂(က) အပြင် ၀င်ငွေခွန် ဥပဒေ ထိမ်ချန်မှု အတွက် ပုဒ်မ ၄၇ အရ ဒဏ်ငွေ ထိမ်ချန် ခြင်းကြောင့် ပိုမို ကျသင့်သည့် ဥပဒေ ပုဒ်မ ၂၃ အရ အရေးယူ သွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။


၁၆ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats