
၎င်း အပြင် ချင်းပြည်နယ် အတွင်း အခြား ကျေးရွာ များတွင် ယင်လုံ အိမ်သာများ ဆောက်လုပ် ပေးရန်လည်း ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ စီမံကိန်းကို ချင်းပြည်နယ် အတွင်း ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် CAD (Country Agency For Rural Development) နှင့် ပူးပေါင်း ကာ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ ဗြိတိန် သံရုံး၏ အသေးစား စီမံကိန်းများ ထောက်ပံ့ ကူညီရေး အစီအစဉ် မှ မြန်မာနိုင်ငံ အတွင်း လူမှု ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် အဖွဲ အစည်း များသို့ ၂၀ဝ၉- ၂၀၁၀ ခုနှစ် အတွင်း စတာ လင်ပေါင် ၂ သိန်းကျော် ကူညီ ထောက်ပံ့ပေး ခဲ့ပြီး ဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန် ချက်တွင် ထည့် သွင်း ဖော်ပြ ထားသည်။ ကျွန်တော်တို့ရဲ ရည်ရွယ်ချက် က မြန်မာနိုင်ငံ အတွင်း မှာ ရှိတဲ့ လူမှု အဖွဲ့အစည်း တွေ ဖွံ့ဖြိုးဖို့ အတွက် လိုအပ်တဲ့ အကူ အညီ တွေကို ပံပိုး ထောက်ပံ့ ပေးလျက် ရှိပြီး ဒီအကူ အညီနဲ့ ဘယ်လောက်အထိ အောင်မြင်မှု ရမယ် ဆိုတာ ကတော့ ခန့်မှန်းလို့ မရသေးကြောင်း ဗြိတိန် သံရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
၁၆ . ၆ . ၂၀၁၀
|

0 comments:
Post a Comment