
GSM လိုင်းရှစ်သောင်း ထပ်မံတိုးချဲ့မည် ဖြစ်ပြီး လိုင်းဆွဲအား ကောင်းမွန် စေရေး အတွက် MCS ဆက်သွယ်ရေး ပင်မ စခန်း ခံနိုင်ဝန် မြှင့်ခြင်း ကို ဆောင်ရွက် လျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ရန်ကုန်မြို့ တွင် GSM ရေဒီယို စခန်း ၃၃ ခု တည်ဆောက်ပြီး လိုင်း ရှစ်သောင်း တိုးချဲ့မည် ဖြစ်ကာ ၄င်း လိုင်းသစ်များ အပြင် GSM ဖုန်းလိုင်း ဆွဲအား ကောင်းမွန် စေရေး အတွက် MCS ဆက်သွယ်ရေး ပင်မစခန်း ခံနိုင်ဝန် မြှင့်ခြင်း၊ BTS စခန်း ကိုးခု တပ်ဆင်ခြင်းနှင့် CU (Corrier Unit) ၉၂ ခု တိုးမြှင့် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ၄င်း အပြင် ငွေကျပ် ငါးသိန်းဖြင့် CDMA 450 MHz၊ CDMA 800MHz ဖုန်း များကို ချထား ပေးလျက် ရှိကြောင်း သိရသည်။
ဖုန်းလိုင်းများ စဉ်ဆက်မပြတ် ချထား ပေးခြင်း ကြောင့် ပြင်ပ ငှားရမ်း ဈေးကွက် အေးလျက် ရှိကာ ယခင် GSM ဖုန်းများ နေရာတွင် CDMA ဖုန်းများ အစားထိုး သုံးစွဲ လာကြ သည်ဟု မိုဘိုင်းဖုန်း ဈေးကွက် အတွင်းမှ သိရသည်။ ယခု လက်ရှိ မြန်မာ နိုင်ငံတွင် အိတ်ချိန်းပေါင်း ၉၀၀ နီးပါး၊ အော်တို တယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ လက်သုံး တယ်လီဖုန်းများ ပါဝင်သည့် ဖုန်းလိုင်း အရေ အတွက် စုစုပေါင်း ခုနစ်သိန်းကျော် ရှိကြောင်း သိရသည်။ လက်ရှိ ဖုန်းလိုင်း အနည်းငယ် ကျပ်နေပြီး ထိုသို့ လိုင်းကျပ် ရခြင်းမှာ FEC ၂၀ တန်၊ ၅၀ တန် ကတ်များ သုံးစွဲမှု များပြာြး ခင်းကြောင့် ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။
၁၅ . ၆ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment