Navigation - link to other main sections from here


ထိုင်း အလည် အပတ် ဗီဇာကြေး ထပ်မံ ကင်းလွတ်ခွင့် ပြုမည်


ထိုင်း အလည် အပတ် ဗီဇာကြေး ကင်းလွတ်ခွင့် ယခုနှစ် မတ် ၅ ရက်တွင် ပြီးဆုံး သွားခဲ့ပြီး နောက် ၂ လ ကျော် အကြာ မေ ၁၁ ရက်နေ့မှ နောင်နှစ် မေ ၁၀ ရက်ထိ တစ်နှစ် တိတိ ထပ်မံ ခံစားခွင့် ရှိမည် ဖြစ် သည်ဟု လေယာဉ် လက်မှတ် နှင့် ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ပေးလျက် ရှိသူက ပြောဆိုသည်။ ထိုင်းဗီဇာ ဝန်ဆောင်မှု အပ်ရန် သွားရောက်ခဲ့သူ တစ်ဦး ကလည်း ဒီနေ့ ထိုင်းဗီဇာ ယူဖို့ ခရီးသွား ရုံးခန်းကို သွားတော့ လာမယ် ၁၁ ရက်နေ့ နောက်ပိုင်းမှ ခရီးသွားမယ် ဆိုရင် ခုမလျှောက်နဲ့ဦး အဲဒီရက် ဝန်းကျင်မှ လာလျှောက်ပါလား၊ ဗီဇာကြေး ၃၅ ဒေါ်လာ သက်သာသွား တာပေါ့လို့ ပြောတာနဲ့ ကျွန်တော်လည်း မလျှောက်သေးဘဲ ပြန်လာခဲ့ တာပါဟု ပြောပြသည်။ ၂၀ဝ၈ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး လေဆိပ် ဖြစ်သည့် သုဝဏ္ဏဘူမိ လေဆိပ် ရှပ်ဝါ ဆန္ဒပြသူ များ၏ ၉ ရက်ကြာ ပိတ်ဆို့မှု အပြီး ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းမှာ ထိခိုက်ခဲ့ ရသည်။

ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်း ပြန်လည် အရှိန်ရလာစေရန် ထိုင်းအစိုးရက အလည်အပတ် ဗီဇာကြေး ကင်းလွတ် ခွင့်ကို ကြေညာ ခဲ့သည်။ ပထမဦးစွာ ၂၀ဝ၉ ခုနှစ် မတ်လ ၅ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ထိ ၃ လကြာ ခံစားခွင့် ပြုခဲ့ရာမှ ဇွန်လ ၂၄ ရက်နေ့တွင် တဖန် ထပ်မံ သက်တမ်း တိုးမြှင့်ပြီး ယခုနှစ် မတ်လ ၄ ရက်နေ့ထိ ခံစားခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ ထိုင်း နိုင်ငံတွင် ၂၀ဝ၈ ခုနှစ် နိုဝင်ဘာ အကုန်၊ ဒီဇင်ဘာလ အကူး လေဆိပ် ပိတ်ဆို ခဲ့သည့် ဆန္ဒပြမှုနောက် တွင် ဧပြီလတွင် ဖြစ်ပွား ခဲ့သည် ဆန္ဒပြမှုများ နောက်တွင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု လျောကျခဲ့ ရသည်။

သို့ရာတွင် မြန်မာ နိုင်ငံသားများ အနေဖြင့် ထိုင်းသို့ လေကြောင်း ခရီးဖြင့် သွားရောက်မှု မှာမူ ၂၀ဝ၈ ခုနှစ်တွင် ၄ သောင်း ၉ ထောင် ကျော် ရှိခဲ့ရာမှ ၂၀ဝ၉ ခုနှစ်တွင်မှု ၆ သောင်းကျော်ထိ မြင့်တက်လာ ခဲ့သည်။ ယခု နောက်ပိုင်း မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စ ၊ ဈေးဝယ်ရန်၊ ကုန်ပစည်း ဝယ်ယူရန် ၊ ဆေးဝါး ကုသရန်နှင့် အခြား နိုင်ငံများသို သွားရောက်ရန် တစ်ဆင့်ခံ ဝင်ရောက်သည့် ကိစ္စရပ်များ အပြင် အားလပ်ရက် အပန်းဖြေ သူများ၊ အုပ်စုလိုက် အလည် အပတ် ခရီးစဉ် များဖြင့် လည်ပတ်သူ များပါ တိုးတက် လာသည့် အတွက် ထိုင်းဗီဇာ လျှောက်ထားမှု များပြား လာခြင်း ဖြစ်သည်ဟု ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ များက ပြောကြောင်း True News Journal ဂျာနယ်တွင် ဖော်ပြထားသည်။


၁၈ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats