Navigation - link to other main sections from here


ဆန်တန်ချိန် ရှစ်သောင်း ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုထား


၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်းက ဆန်တင်ပို့သည့် ကုမ္ပဏီများမှ ပြည်ပသို့ တင်ပို့ရန် ကြိုတင် ဝယ်ယူ စုဆောင်း ထားသည့် ဆန်များကို တင်ပို့ခွင့် ရပ်ဆိုင်းခြင်း ရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် ပြည်ပသို့ မိုးစပါးမှ ဆန်တင်ပို့ ခွင့်ပြု ထားကြောင်း၊ ပြည်သို့ ဆန်တင်ပို့ ခွင့်ကို မတ်လအတွက် ဆန်တန်ချိန် လေးသောင်း၊ ဧပြီလ အတွက် ဆန်တန်ချိန် လေးသောင်း၊ စုစုပေါင်း ဆန်တန်ချိန် ရှစ်သောင်း တင်ပို့ရန် ခွင့်ပြု ထားကြောင်း၊ ဆန် တင်ပို့ခွင့် လိုင်စင် သက်တမ်း သုံးလ ရရှိသည့် အတွက် မတ်လ အတွင်း တင်ပို့ခွင့် ရထားသည့် ဆန်တန်ချိန် လေးသောင်းကို မတ်လမှ ဇွန်လ အတွင်း နှင့် ဧပြီလ အတွက် တင်ပို့ခွင့် ရထားသည့် ဆန်တန်ချိန် လေးသောင်းကို ဧပြီလမှ ဇူလိုင်လ အတွင်း တင်ပို့ သွားရမည် ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုကို အုပ်စုငါးစု ခွဲ၍ တင်ပို့လျက်ရှိကြောင်း ၄င်းက ရှင်းပြသည်။

လက်ရှိတွင် ဆန်တန်ချိန် နှစ်သောင်းခန့် တင်ပို့ရန် ပြင်ဆင်လျက် ရှိပြီး ဆန်တင်ပို့မည့် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ကုန်လက်ဝယ် ထားရှိမှု အခြေ အနေ များကို မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးက မေလ ၆ ရက်နေ့တွင် အပြီးသတ် စစ်ဆေးပြီး ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ ယခု လက်ရှိ ကမ္ဘာ့ ဆန်ဈေး ကွက်၌ မြန်မာနိုင်ငံမှ တင်ပို့သည့် ၂၅ မှတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၁၅ ပေါက်ဈေး ရှိကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပေါ် ခဲ့သည့် ကမ္ဘာ့ဆန် ဈေးကွက် ပေါက်ဈေး များနှင့် နှိုင်းယှဉ်လျှင် လက်ရှိ မြန်မာ့ ၂၅ မှတ်ဆန်၏ ပေါက်ဈေးမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့် အထိ ကျဆင်း သွားကြောင်း ပြည်ပသို့ ဆန်တင်ပို့လျက် ရှိသည့် ဆန်ကုန်သည် လုပ်ငန်းရှင် အသိုင်း အဝိုင်းထံမှ စုံစမ်း သိရှိ ရသည်။


၁၈ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats