Navigation - link to other main sections from here


ဆယ်လူလာ ဈေးကျ GSM ဈေးမရ ကတ်ဖုန်းနှင့် ငါးသိန်းဖုန်းများ အဝယ်သွက်


ကျပ်ငါးသိန်း ဖုန်းခေါ် CDMA 800 MHz များ အသုံးပြုမှု များလာ ပြီးနောက် ဒုတိယ မျိုးဆက် (Second Generation) ဖုန်း ဖြစ်သည့် ဆယ်လူလာ ဖုန်းများ၏ ပြင်ပ ပေါက်ဈေးမှာ ကျပ်(၈) သိန်းအောက်သို့ ကျဆင်းလာ ခဲ့ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် အချို့ထံမှ သိရသည်။ မြန်မာ နိုင်ငံတွင် ယခု နောက်ပိုင်း အသုံးပြုမှု တွင်ကျယ် လာသော မိုဘိုင်းလ်ဖုန်း ကွန်ရက် တစ်ခုဖြစ်သည့် SMS စနစ်ကို အသုံး မပြုနိုင်ဘဲ ဖုန်းပြောရုံ သက်သက်သာ သုံးနိုင် သဖြင့် ဖုန်းနံပါတ် ၀၉၉------- ဖြင့် စသော ဆယ်လူလာဖုန်းများ လူကြိုက် နည်းကာ ဖုန်းဈေး ကျဆင်းမှု ဖြစ်သည်ဟု ၄င်း က ပြောသည်။

“ ကတ်ဖုန်းတွေတောင် အနိမ့်ဆုံး SMS သုံးလို့ရတယ်။ ဆယ်လူလာလို့ Analog code စနစ်သုံးတဲ့ 2G ခေတ် မရှိတော့ဘူး။ ငါးသိန်းဖုန်းက ကတ်ဖုန်းစနစ်အပြင် နံပါတ် အသေ ရတာရယ် Hand Set ရော၊ အထိုင်ပါ သုံးလို့ ရတာ။ မကြာခင် ရန်ကုန် တစ်တိုင်းလုံး ယူသွားပြီး ဆက်သွယ်လို့ရမှာ ရယ်ကြောင့် လူကြိုက်များလာတာပါ။ ဖုန်းဆက်ရုံ လောက်ကတော့ ကတ်ဖုန်းတစ်လုံး ကတ်ဝယ်ထည့်သုံး ကုန်ရင်ငါးသောင်း၊ ခြောက်သောင်းပေါ့ ” ဟု ယင်းပုဂ္ဂိုလ်က ရှင်းပြသည်။ တစ်ခါသုံး ကတ်ဖုန်းများ အသုံးပြုမှု များလာသည့်နောက် ယခင်က သိန်း၃၀/ ၄၀ ဈေး ပေါက်ခဲ့သော ဂျီခေါ် GSM ဖုန်းများ၏ ဈေး ထိုးဆင်းလာခဲ့ပြီး မနှစ်က တစ်လုံး ကျပ် သိန်း၂၀ အောက်၊ ယခု ၂၀၁၀ ပြည့်နှစ် မေလတွင် ၀၉၅၀----------- အစရှိသည့် ဂျီဟောင်းများ ကျပ် ၁၀ သိန်း ဝန်းကျင်သာ ဈေး ရှိတော့သည်ဟု သိရသည်။

“ ငါးသိန်းဖုန်း ကတော့ အလုပ်ဖြစ် လာတယ်။ စထုတ်တုန်းက လူစိတ်ဝင်စားမှု နည်းပေမယ့် နောက်လ တွေမှာ တစ်လုံးကို ကျပ်ငါးသောင်းလောက် အမြတ်ရပြီး အခုလမှာ ကျပ်ရှစ်သောင်းထိ တက်လာ ပါတယ်။ ဂျာနယ် တွေမှာ ငါးသိန်းဖုန်း လိုချင်ရင် တစ်နာရီ အတွင်း ရမယ်။ ချက်ချင်း ရမယ် ဆိုပြီး သတင်း ရေးတာတွေ တွေ့ရတယ်။ အဲဒါက ငါးသိန်းဖုန်းကို ငါးသိန်းနဲ့ ရတာ မဟုတ်ဘဲ ကြားက အကျိုးဆောင်ခ ယူနေတာ မသိကြဘူး ထင်တယ် ”ဟု ဖုန်းေ ဈးကွက်ကို ပြောပြခဲ့ ကြောင်း ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထား ပါသည်။


၁၉ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats