Navigation - link to other main sections from here


လနှင့် သောကြာကြယ် နီးကပ်စွာ တည်ရှိမှုကို မြန်မာနှင့် အရှေ့တောင် အာရှနိုင်ငံ အချို့မြင်ရ


မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲမှ ၇ နာရီခန့် အတွင်းတွင် လနှင့် သောကြာကြယ် နီးကပ်စွာ တည်ရှိ မှုကို မြန်မာ နှင့် အရှေ့တောင် အာရှ နိုင်ငံ အချို့တွင် မြင်တွေ့ခဲ့ ကြရကြောင်း သိရသည်။ ရန်ကုန်မြို့ မှလည်း ယင်းဖြစ်ပေါ်မှုကို တွေ့မြင် ခဲ့ကြပြီး လူများ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြ ပါသည်။ လူကြီး သူမ အချို့က သတိပြုဖွယ် နိမိတ် တစ်ခု အဖြစ် ပြောဆို သည်ကိုလည်း ကြားကြရ ပါသည်။ ယင်း ဖြစ်ပေါ်မှုကို ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် အပါ အ၀င် မြို့ရွာ အများမှ တွေ့မြင် ခဲ့ကြသည်ဟု ဆိုသည်။ ယင်းဖြစ်ရပ် နှင့် ပတ်သက်ပြီး www.earthsky.org တွင် ဖော်ပြ ထားသည်မှာ သောကြာ ကြယ် (ဗီးနပ်စ်) သည် လထက် ပိုမိုပြီး နေနှင့် နီးကပ်ပြီး နေ၏ တစ်ဖက် တစ်ချက် ဆီသို့ ရွှေ့ပြောင်း နေသည့် အတွက် ကမ္ဘာမှ သောကြာကြယ်ကို တစ်ခါတစ်ရံ ညနေ ဆည်းဆာတွင်၊ တစ်ခါ တစ်ရံ အရုဏ် တက်တွင် တွေ့မြင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

နေနှင့် သောကြာကြယ် အဝေးဆုံး အနေအထားဖြင့် ကမ္ဘာမှ မြင်ရသော ထောင့် အနေအထား (elongation) မှာ ၄၇ ဒီဂရီ ကျော်ကျော်ခန့် ရှိတတ်ရာ လကို ကမ္ဘာမှ မြင်ရသော ထောင့် အနေအထား (elongation) နှင့် တစ်ထပ်တည်း နီးပါး ကျရောက်သော အခါ ယခုကဲ့သို့ အနေ အထားဖြင့် ရှုမြင် ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဗီးနစ်သည် လ၏ အနီးသို့ တစ်လ တစ်ကြိမ်ခန့် ကျရောက် သော်လည်း ကမ္ဘာမှ မြင်ခွင့်သာမှု နည်းပါး သည်ဟုလည်း ဆိုသည်။ လပြည့်မှာ (elongation) ၁၈၀ ဒီဂရီနှင့် လတစ်ဝက်ခန့်မှာ ၉၀ ဒီဂရီရှိရာ ယခု ၄၇ ဒီဂရီ ပတ်ဝန်းကျင် အနေ အထားဖြင့် မြင်ရသော သောကြာကြယ် နှင့် နီးနေသော လသည် အမြဲတန်း လခြမ်း ပုံသဏ္ဍာန် ရှိမည် ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားသည်။


၁၈ . ၅ . ၂၀၁၀ | Sources by: earthsky.org

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats