
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာပေါင်း (၆၄၉၈၉) အနက် ကျေးရွာ (၅၅၇၅၅) တွင် ကျေးရွာ ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက် များကို ပြန်ကြားရေး ဝန်ကြီးဌာနက တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ၊ ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း ကို အကောင် အထည် ဖော်လျက်ရှိရာ ယင်း ဖောင်ဒေးရှင်း တွင် တာဝန် ထမ်းဆောင် လိုသူ ရုံးအဖွဲ့မှူး တစ်ယောက်ကို တစ်လ လစာနှုန်း (၈ဝဝဝဝ) ကျပ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယ အဖွဲ့မှူး သည် လစာကျပ် (၆ဝဝဝဝ) ကျပ် ရရှိမည် ဖြစ်ကြောင်း သိရှိ ရသည်။ ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း ကို ဗဟို အဆင့်သာ ဖွဲ့စည်းထားပြီး ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် များတွင် လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် စီစဉ် နေကြောင်း သိရသည်။ ကျေးရွာ စာကြည့်တိုက်ဖောင် ဒေးရှင်း အတွက် မတည်ငွေ များကို မြန့်မာ့ စီးပွားရေးဘဏ် တွင် ဖောင်ဒေးရှင်း ငွေပဒေသာ ပင်အဖြစ် အပ်နှံမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ရုံးအဖွဲ့မှူး အပါအဝင် အားလုံးပေါင်း (၇) ယောက် ရှိမည် ဖြစ်ပြီး (၇) ယောက် စလုံးကို လစာ ပေးမည်ဟု သိရှိ ရသည်။ လုပ်ငန်းအောင် မြင်မှု နှင့် တာဝန် ကျေပွန်မှု အပေါ် မူတည်၍ လစာ တိုးပေးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း (Rual Library Foundation) ကို ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင် အဆောက်အဦ ရရှိရေး အပါအဝင် စံ(၅) ရပ်နှင့် ညီသော စာကြည့်တိုက်များ ဖြစ်ပေါ်လာ စေရေး အတွက် ဖွဲ့စည်း ဆောင်ရွက် သွားမည် ကြောင်း နှင့် စေတနာရှင် အလှူရှင်များ အနေဖြင့် မတည် အလှူ ငွေများ ကြိုတင် လှူဒါန်းလို ပါက အောက်ပါ ပုဂ္ဂိုလ်များထံ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိ ရသည်။ (က) ဦးမောင်ဖေ၊ ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး) ၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးအမှတ်(၇)၊ နေပြည်တော်၊ဖုန်း-ဝ၆၇ ၄၁၂ဝ၂၃၊ ဝ၆၇ ၄၁၂၃၆၅၊ Fax - ဝ၆၇ ၄၁၂၃၇၂၊ (ခ) ဦးအေးကြွယ်၊ ညွှန်ကြားရေးမှူး (ထုတ်လုပ်ရေး)၊ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၁ ၃၇၁၃၄၂၊ ဝ၁ ၂ဝ၁၉၃၆၊ Fax - ဝ၁ ၃၇၁၃၄၂ ။
၁၈ . ၅ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment