Navigation - link to other main sections from here


ပြင်ဦးလွင် ပွဲကောက် ရေတံခွန် ရေကျဆင်းမှု လျော့နည်း


တောင်ပေါ် အပန်းဖြေ စခန်းမြို့ တစ်မြို့ ဖြစ်သည့် ပြင်ဦးလွင် မြို့နယ်တွင် ရှိသော နာမည်ကျော် ပွဲကောက် ရေတံခွန်၌ ရေ ကျဆင်းမှု အလွန် အမင်း နည်းပါးနေ ကြောင်း မေလ ၆ ရက်နေ့ ပြင်ဦးလွင် ဒေသခံများ ထံမှ စုံစမ်း သိရှိ ရသည်။ ယင်း ကြောင့် ရေတံခွန်သို့ လာရောက်သည့် ခရီးသွား များပင် မရှိ သလောက် ဖြစ်သွား ကြောင်း၊ ယင်း ရေတံခွန်သည် ပေ ၃၀ အမြင့် နေရာ ချိုင့်ဝှမ်း အတွင်းသို့ မူလက ရေဒလဟော ဝင်နေရာမှ ဧပြီလဆန်းမှ စ၍ အပူရှိန် မြင့်မား လာပြီး ရေစီးဆင်းမှု အကျနည်း လာကြောင်း၊ ယခုအခါ တစ်ရက်လျှင် တစ်နာရီ ခန့်သာ ရေ အနည်းငယ် ကျဆင်း နေကြောင်း၊ ရေတံခွန် အမှီပြု တီထွင်ထား သော ရေအားလျှပ်စစ်လည်း မလည်ပတ်နိုင် သောကြောင့် အဆိုပါ အနီး အနားရှိ စားသောက်ဆိုင်များ အခက် အခဲ တွေ့နေ သည့် အပြင် လူနှစ်ရပ် နီးပါး နက်သည့် အန္တရာယ်ချောက် ဆိုလျှင် အောက်ခြေ ကိုပင် မြင်တွေ့နေ ရပြီ ဖြစ်ကြောင်း ဒေသခံများ က ထပ်လောင်း ပြောကြား သည်။ ပွဲကောက် ရေတံခွန်ကို ဘီအီး ရေတံခွန် အဖြစ်လည်း လူသိ များပြီး ယင်းသည် လားရှိုး - မန္တလေးသွား ကားလမ်း နံဘေးတွင် ရှိသည်။

၁၇ . ၅ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats