Navigation - link to other main sections from here


ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေပြ မြေပုံ ထုတ်ပြန်


ကမ္ဘာ့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဆိုင်ရာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) က မြန်မာနိုင်ငံ အတွင်း ရေရှားပါး ပြတ်လပ်မှုဆိုင်ရာ အခြေအနေပြ မြေပုံတစ်ခုကို ၂၀၁၀ ခု မေလ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း www.reliefweb.int တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။ မြေပုံကို PDF ဖိုင်အဖြစ် ဖော်ပြထားပြီး ယင်းမြေပုံတွင် ဂန့်ဂေါ၊ ထီးလင်း ၊သံတွဲ၊ ပေါင် ၊ရေး၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်ထိုတို့ကို ရေရှားပါးမှု ကြုံနေရသော ဒေသများ အဖြစ်နှင့် တီးတိန်၊ ဟားခါး၊ မင်းတပ်တို့ကို ရေပြတ်လပ်သော ဒေသများအဖြစ် ဖော်ပြထားသည်။ ထို့ပြင် စစ်တွေမြို့တွင် လွန်ခဲ့သော လကတည်းက ရေကန်များ ခြောက်ခမ်းသွားပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ရေပြတ်လပ်မှုနှင့် ကြုံနေရခြင်း၊ ဒလမြို့တွင် နေ့စဉ် သုံးရေရော သောက်ရေပါ ပြတ်လပ်နေခြင်း။ ဝေါမြို့နယ်တွင် ရေပြတ်လပ်ပြီး မေလ ၅ ရက်မှ ၁၁ ရက် အတွင်း ၀မ်းရောဂါများ ကူးစက်ပျံ့ပွားခဲ့ရာ အသေအပျောက် မရှိပဲ မြို့ပြလူထု ၈၂ ဦးကို ဆေးရုံတင် ကုသပေးခဲ့ရခြင်း၊ ရေနံချောင်းနှင့် ချောက် ဒေသ များတွင် ပင်းချောင်း နှင့် ဒေါင်းသေချောင်း ၀န်းကျင်ရှိ ရွာများမှ လွဲ၍ ရေကန်အားလုံး ခမ်းခြောက်ကာ သုံးပြီးသား ရေကို ပြန်စစ်ကာ သုံးကြရခြင်း၊ ယင်းရေကို တိရစ္ဆာန်များကို တိုက်ကွေး ရခြင်း၊ ထန်းပင်များပင် ခြောက်ကုန်ခြင်း၊ နတ်မောက်တွင် သောက်ရေ ရှားပါးလှပြီး လက်ယက်တွင်းများ တူးကာ သောက်ရေ ရှာဖွေရခြင်း၊ မြင်းခြံ နှင့် မုံရွာမြို့ များတွင် ၁၅ ဒီဂရီ စင်တီဂရိတ်အောက် ထားရှိရမည့် ဆေးများကို လျှပ်စစ်ဓါတ်အား ပြတ်တောက် မှုကြောင့် သိုလှောင် မထားနိုင်ခြင်း၊ ပေါက်မြို့နယ်တွင် သောက်ရေရော သုံးရေပါ ရှားပါးနေပြီး ရေရှာဖွေမှုဖြင့် တစ်နေကုန် ကြရခြင်း၊ ချောင်းဦး တွင် သုံးရေ နှင့် သောက်ရေများ ဘေးကင်း သန့်စင်မှု မရှိခြင်း၊ လပ္ပတ္တာတွင် ၀န်းကျင် ဒေသများမှ ရေ၀ယ်သုံး နေရခြင်း၊ ဖျာပုံ၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်များတွင် ထူးခြားစွာ ရေပြတ်လပ် နေခြင်းတို့ကို မြေပုံအညွှန်း များနှင့်တကွ စနစ်တကျ ဖော်ပြထား သည်ကို တွေ့ရသည်။


၂၂ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats