Navigation - link to other main sections from here


ရေအားလျှပ်စစ် လျော့ကျ မှုကြောင့် ရန်ကုန်မြို့ ဓာတ်အား ပေးချိန် ထပ်လျှော့ဟု ဆို


မြန်မာ နိုင်ငံတွင် အပူချိန် စံချိန်တင် မြင့်မား မှုကြောင့် မြစ်၊ ချောင်းနှင့် ဆည်မြောင်း တာတမံများတွင် ရေခန်း ခြောက်မှုနှုန်း သိသိ သာသာ မြင့်တက်လာ သဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျ လာပြီး ရန်ကုန်မြို့တော် တွင် ဓာတ်အား ပေးရေး လျော့ချ ထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ရန်ကုန်မြို့တော်ကို အုပ်စု သုံးစုခွဲပြီး ယခုမေ ၁၅ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် လျှပ်စစ်မီး ခြောက်နာရီ အလှည့်ကျ စနစ် ဖြင့် ပေးဝေ နေကြောင်း၊ မြစ်၊ ချောင်းများနှင့် ဆည်မြောင်း တာတမံများတွင် ရေအနည်းငယ်သာ ကျန်ရှိ တော့သည့် အတွက် ရေအား လျှပ်စစ် ရရှိမှု ယခင်ထက် လျော့ကျ သွားသဖြင့် ထိုသို့ ရန်ကုန်မြို့တွင် မီးပေးချိန် လျှော့ချလိုက် ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တောင်ပေါ်နဲ့ လမိုင်းဘက်မှာ ပေါက်တယ်။ ပြီးတော့ အသစ် ဆောက်နေတဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တွေကလည်း မပြီးသေးဘူး။ ရေအား လျှပ်စစ်ကလည်း ဆည်မှာ ရေခန်း နေလို့ အရင်ရနေတဲ့ ရေအား လျှပ်စစ်ရဲ့ သုံးပုံ တစ်ပုံပဲ ရတော့တယ် ဟု ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဝန်ထမ်း တစ်ဦး ၏ ရှင်းပြချက်အရ သိရသည်။ လူနေရပ်ကွက် များကို အလှည့်ကျ မီးပေးနိုင်ရန် အတွက် ပါဝါမီတာ အသုံးပြု သည့် စီးပွားရေး လုပ်ငန်းများနှင့် စက်မှုဇုန်များ၊ ဟိုတယ်များ၊ ပလာဇာများ အပါအဝင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု များပြားသော စီးပွားရေး လုပ်ငန်းများ အားလုံးကို မေလ ၁၄ ရက်နေ့မှ စတင်ပြီး ဓာတ်အား ဖြတ်တောက်ထား ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းများ ထံမှ သိရှိရသည်။ စီမံချက်နဲ့ မီးဖြတ်တာလို့ပြောတယ်။ လုပ်ငန်းသုံး ပါဝါမီတာတွေ အကုန် မီးမပေး နိုင်လို့ မီတာမှာ သွယ်ထားတဲ့ ဓာတ်ကြိုး ဖြုတ်သွားတယ် ဟု မေလ ၁၇ ရက် နေ့မှ စတင် မီးဖြတ်တောက်ခြင်း ခံလိုက်ရသည့် မရမ်းကုန်းမြို့နယ်မှ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။


၂၂ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats