
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လိုင်လာ ဆိုင်ကလုံး လေမုန်တိုင်းသည် အိန္ဒိယ တောင်ပိုင်းကမ်း ခြေကို တိုက်ခတ်ပြီး လေရော မိုးပါ ပြင်းထန်လျက် လူ ၂၆ ဦး အသက် ဆုံးခဲ့ရကြောင်း သိရသည်။ မုန်တိုင်းသည် တမီနာဒူးပြည်နယ်ကို ၀င်ရောက်ပြီး အိမ်နီးချင်း ပြည်နယ်ဖြစ်သော အင်ဒရာပရာဒက်ခ်ျသို့ အင်္ဂါနေ့ တွင် ရောက်ရှိ လာသောအခါ မြေပြိုမှုများကို ဖြစ်စေခဲ့ပြီး သစ်ပင် များ၊ ဓါတ်မီးတိုင်များကို ဖြိုလှဲပြီးဆက်သွယ် ရေးလိုင်းများ ပြတ်တောက်စေခဲ့ပါသည်။ အင်ဒရာပရာ ဒက်ခ်ျတွင် လူ ၇ သောင်းကို ကြိုတင် ရွှေ့ပြောင်းပေးပြီး မုန်တိုင်း ခိုလှုံရာ နေရာများတွင် နေရာချပေး နိုင်ခဲ့သည် ဟုဆိုသည်။ သို့သော် ပြည်နယ် တစ်ခုလုံးတွင် မုန်တိုင်း ဒဏ်ကြောင့်လူ ၁၇ ဦး သေဆုံးခဲ့သည်။ ရုပ်မြင်သံကြား သတင်းများတွင် သစ်ပင်လဲကျ ထိခိုက် သောကား များ၊ အိမ်အမိုး လွင့်သွားသော တဲများ၊ လေနှင့်မိုး တို့ကြောင့် အပျက်အစီးများကို လူများ ရှင်းလင်းရပုံနှင့် ဘေးသင့်နေ သော ကျေးရွာ မြင်ကွင်း များကို မြင်ခဲ့ရသည်။ မုန်တိုင်းကြောင့် သရက်၊ ငှက်ပျော၊ သံပုရာ စိုက်ပျိုးခြံများ ပျက်စီးခဲ့ရာ ဒေါ်လာ ၄၁ သန်းဖိုးခန့် ရှိမည်ဟု ခန့်မှန်း ရသည်။ တမီနာဒူး ပြည်နယ်တွင် ရေလွှမ်းမိုး မှုကြောင့်လူ ၉ ဦး သေဆုံးခဲ့သည်။ သောကြာနေ့က တမီနာဒူးတွင် မုန်တိုင်း တိုက်လျက် ရှိသေးသော်လည်း လေတိုက်နှုန်း တစ်နာရီ ၁၂၅ ကီလိုမီတာ ရှိခဲ့ရာမှ ၇၅ ကီလိုမီတာသို့ ကျဆင်းသွားခဲ့သည်။ မိုးလေ၀သပညာရှင်များက ငါးဖမ်းသမားများကို လှိုင်းထန်သော ပင်လယ်သို့ မထွက်ပဲ ကမ်းခြေတွင် နေကြရန် အကြံပေး ထားသည်။
၂၂ . ၅ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment