Navigation - link to other main sections from here


ပြည်တွင်းထုတ် လက်ကိုင်ဖုန်းတွေ ပြင်ဦးလွင် ရတနာပုံ မြို့သစ်မှာ ထုတ်လုပ်မည်


မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရတနာပုံ မြို့သစ် Soft Based Factories Area Zone ရှိ Asia World ကုမ္ပဏီ နှင့် တရုတ် နိုင်ငံ ZTE ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက် ထားသော Asia Mega Link စက်ရုံမှ Mobile Base Station Terminal (BTS) များ ထုတ်လုပ်လျက်ရှိရာ တစ်နှစ်လျှင် GSM Mobile Handset အလုံး ၁၂၀ဝ၀ဝနှင့် Mobile BTS အလုံး ၁၂၀ဝ ထုတ်လုပ် နိုင်သည်။ အလားတူ ရတနာပုံ IT ဇုန်တွင် ရန်ကုန် နှင့် မန္တလေး မြို့တော် များတွင် ကျပ် ငါးသိန်း တန် CDMA 800 MHz များ ဖြန့်ချိ နေသော Elite Teach Manufactoring Co., Ltd သည် တရုတ်နိုင်ငံမှ Huawei Co.,Ltd ပူးပေါင်း ကာ CDMA 450 MHz နှင့် CDMA 800 MHz Mobile စနစ် အတွက် Handset နှင့် BTS များ ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။


၂၅ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats