Navigation - link to other main sections from here


ထီဝယ်လိုအား သိသာစွာကျဆင်း


ရန်ကုန် မြို့တော်နှင့် နယ်မြို့ အချို့၏ ထီဈေးကွက် များ၌ ထီဝယ်လိုအား၊ ရောင်းလို အားများ သိသိ သာသာ ကျဆင်း လာနေကြောင်း ရန်ကုန် အခြေစိုက် ထီကိုယ်စားလှယ် အချို့ထံမှ သိရသည်။ ထိုသို့ ကျလာခြင်းမှာ မိုးဦးရာသီ ရောက်လာခြင်း၊ ထီဈေးနှုန်း မြင့်မားခြင်း နှင့် စီးပွားရေး အခြေအနေ တို့ကြောင့်ဟု မြတံခွန်နှင့် အောင်သန်းဆု ထီကိုယ်စားလှယ် တစ်ဦးက ပြောကြား သည်။ ထီ အရောင်း အဝယ် လျော့ကျခြင်းမှာ မတ်၊ ဧပြီလ များကပင် ရှိခဲ့ကြောင်း၊ ထီ အရောင်းအဝယ် လျော့ကျ သော်လည်း ထီဈေးနှုန်းမှာ မကျကြောင်း၊ ထီ တစ်အုပ်လျှင် ၄၆၀ဝ၊ ၄၈၀ဝ၊ ၅၀ဝ၀၊ ၅၂၀ဝ ကျပ် စသည်ဖြင့် အသီးသီး ဝယ်ယူကြ ရပြီး လက်ပွေ့ရောင်းချ သူများသည် ထီ တစ်စောင်လျှင် ၂၅၀ ကျပ်၊ ၃၀ဝကျပ်၊ ၃၅၀ ကျပ် စသည်ဖြင့် အသီးသီး ရောင်းချ ကြကြောင်း၊ ထီ အရောင်းအဝယ် မဖြစ်ခြင်း ကြောင့် လက်ပွေ့ ရောင်းသူ၊ တွန်းလှည်းဖြင့် ရောင်းချသူ စသည့် ကိုယ်စားလှယ် အချို့မှာ အခြား အလုပ်များကို ပြောင်းရွှေ့ လုပ်ကိုင် သွားကြကြောင်း တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေး အနီး၌ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ဆိုင်းဘုတ်နှင့် ရောင်းချသူ တစ်ဦးက ရှင်းပြသည်။

ယခုရာသီသည် ထီရောင်းဝယ်မှု ပါးသည့်အချိန် ဖြစ်သော်လည်း ယခုနှစ်တွင် ပိုမို အရောင်းပါးသည်ဟု လက်ဖက်ရည် ဆိုင်များ၌ လိုက်လံ၍ ရောင်းချနေသူ လူငယ်တစ်ဦးက ဆိုသည်။ ယင်းသို့ ထီရောင်းလိုအားများ ကျဆင်း နေခြင်းကြောင့် ပြည်တွင်း အခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနမှလည်း ထီအက္ခရာများကို အတိုးအလျှော့ မကြာခဏ ပြုလုပ်ပေး လျက်ရှိပြီး ယခင် အက္ခရာ ၂၃ လုံးအစား ၂၀၁၀ ဧပြီလ မှစ၍ အက္ခရာ ၂၁ လုံးသို့ လျှော့ချ ပေးထားကြောင်း ယင်းဌာန၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည် ။

၂၅ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats