Navigation - link to other main sections from here


ကော့သောင်းမြို့တွင် သင်္ကန်းဝတ်ပြီး အယောင်ဆောင်သူ ၂၄ ဦးဖမ်းမိ


တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် သင်္ကန်း ၀တ်ပြီး အယောင်ဆောင် လာရောက်သူ ၂၄ ဦးကို ဖမ်းဆီး ထားကြောင်း သိရှိ ရပါသည်။ ယင်း ၂၄ ဦးအနက် ၁၈ ဦးခန့်မှာ ရေကြောင်း အမြန်ယာဉ်ဖြင့် လာရောက်ခြင်း ဖြစ်ပြီး ကျန် သူများမှာ လေကြောင်းဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ ယင်း တို့သည် ထားဝယ် အမြန်ယာဉ် ဆိပ်မှ လက်မှတ် ရောင်းရာတွင် မှတ်ပုံတင် အမှတ် ၆/ ဖြင့်စသော မှတ်ပုံတင် မှလွဲပြီး ကျန်မှတ်ပုံတင် များကို လက်မှတ် မရောင်းသည့် အတွက် ရခိုင်မှ လာရောက်ကြသော သူတို့တွေ အတွက် အခက်အခဲ ဖြစ်သောကြောင့် ယခုကဲ့သို့ အယောင်ဆောင် ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ ယင်းတို့သည် ကော့သောင်းသို့ ရောက်လျှင် လူဝတ်ပြန်လဲပြီး တစ်ဖက် နိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်ဖို့ ရည်ရွယ်သူများ ဖြစ်ကြပါသည်။ သူတို့သည် သံဃာ့ မဟာနာယက ထောက်ခံစာများ နှင့် သာသနာဝင် မှတ်ပုံတင် အတုများ ကိုင်ဆောင်ပြီး လာရောက်ကြခြင်း ဖြစ်ပြီး အမြန်ယာဉ် ဆိပ်တွင် သက်ဆိုင်ရာမှ စစ်ဆေး သောအခါ ဘွဲ့အမည် မှအစ အဆင်ပြေအောင် ဖြေဆို နိုင်ခြင်း မရှိသဖြင့် ယခုကဲ့သို့ အယောင်ဆောင်မှု ပေါ်သွား ရခြင်းဟု ဆိုပါသည်။ ယင်း အယောင်ဆောင် သူများကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည်ဟု သိရပါသည်။


၂၅ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats