
ဖြေ ။ အဲဒါတော့ အိမ်ရှင်နဲ့ ကျွန်တော်တို့ ဖြေရှင်းရ မှာပေါ့။ ဒါကတော့ အိမ်ရှင်၊ အိမ်ငှား ပြဿနာ ပေါ့ဗျာ။
မေး ။ ကျွန်တော်တို့ ကြားတာက အရှင်ဆေကိန္ဒလို လူမှုရေး လုပ်ငန်းတွေ လုပ်မယ်လို့ အန်ကယ် ပြောတယ်လို့ ကြားတယ်။
ဖြေ ။ ကျွန်တော် အရှင်ဆေကိန္ဒ နာမည် တစ်ခါမှ မပြောဖူးဘူး။ ဒါပေမယ့် လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် စိတ်ဝင် စားတယ်။ လေ့လာဖို့ မှာတယ်။ ကျွန်တော်ပြောတာ အဲဒီလို ပြောတာ။ လုပ်မယ် လို့လည်း ကျွန်တော် မပြောဘူး။ ဒါ ဒေါ်စုနဲ့ အရှိ အတိုင်းပဲ ကျွန်တော် ပြောတယ်။ အဲဒီလို လုပ်နိုင်ဖို့ subject အလိုက် လေ့လာ ပါလို့ မှာတယ်။
မေး ။ မေ ၂၇ ပတ်ဝန်းကျင်မှာ အန်ကယ်တို့ ဦးဆောင်ပြီးတော့ ရန်ကုန်မြို့မှာ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်း ကိစ္စတွေ လုပ်မယ်ဆို ဟုတ်သလား အန်ကယ်။
ဖြေ ။ အဲဒီလိုလည်း မဟုတ်ဘူး။ ဒီဟာကို ကျွန်တော် ပြောခဲ့တာ မှန်တယ်။ ကျွန်တော် ပြောတာ က မေ (၂၇) နေ့ ။ ကျွန်တော်တို့ NLD CEC လူကြီး များက လူမှုရေး လုပ်ငန်း၊ ပတ်ဝန်းကျင် လုပ်ငန်း မျိုးကို စဉ်းစား သင့်တယ်။ ဥပမာ အားဖြင့် အနိမ့် ဆုံး ပတ်ဝန်း ကျင်မှာ ရှိတဲ့ ပလတ် စတစ်ကောက် ပြီးတော့ သိမ်းဆည်း ပေးတာမျိုး လုပ်မယ် ဆိုရင် လုပ်နိုင်တယ် လို့ နမူနာ ပြောတာ။ ကျွန်တော်တို့ instruction မဟုတ်ပါဘူး။
မေး ။ အန်ကယ့်ဟာ NLD ပြောရေးဆိုခွင့်ရှိ သူအနေနဲ့ ဆက်ရှိ နိုင်ဦး မှာလား။
ဖြေ ။ ဥပဒေ အရ NLD ဆိုတာ မေလ ၆ ရက်နေ့ နောက်ပိုင်း ကျရင် ပါတီ အနေနဲ့ ရှိတော့မှာ မဟုတ်တဲ့ အတွက် Spoke person (ပြောရေး ဆိုခွင့် ရှိသူ) ဆိုတာလည်း အလို အလျောက် ပျက်ပြယ် သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ကို နောက် ပိုင်းမှာ NLD ရဲ့ spoke person လို့ပြောလို့မရ တော့ပါဘူး။ ကျေးဇူးပါ အန်ကယ်။
၂ . ၅ . ၂၀၁၀ | လျှပ်တပြက်
|

0 comments:
Post a Comment