Navigation - link to other main sections from here


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (NEC) က မြို့နယ် ကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်း တာဝန်ပေးအပ်


ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (NEC) က မြို့နယ် ကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်း တာဝန် ပေးအပ်ခြင်း ဆိုင်ရာ ကြေညာချက် များကို ၂ဝ၁ဝ ခုနှစ် မေ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာကြောင်း နှင့် အဆိုပါ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ရုံးများကို သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးများတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုကြေငြာချက်များမှာ ကြေညာချက်အမှတ် (၂၇/၂ဝ၁ဝ) ဖြင့် ကချင်ပြည်နယ် အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ (၁၈) ခု ကို လည်းကောင်း၊ ကြေညာချက် အမှတ် (၂၈/၂ဝ၁ဝ) ဖြင့် ကယားပြည်နယ် အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၇) ခုကို လည်းကောင်း၊ ကြေညာချက် အမှတ် (၂၉/၂ဝ၁ဝ) ဖြင့် ကရင်ပြည်နယ် အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၇) ခု ကိုလည်းကောင်း၊ ကြေညာချက် အမှတ် (၃ဝ/၂ဝ၁ဝ) ဖြင့် ချင်းပြည်နယ် အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၉) ခုကို လည်းကောင်း၊ ကြေညာချက် အမှတ် (၃၁/၂ဝ၁ဝ) ဖြင့် စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ (၃၇) ခုကို လည်းကောင်း၊ ကြေညာချက် အမှတ် (၃၂/၂ဝ၁ဝ) ဖြင့် တနင်္သာရီတိုင်း အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၁ဝ) ခုကို လည်းကောင်း၊ ကြေညာချက် အမှတ် (၃၃/၂ဝ၁ဝ) ဖြင့် ပဲခူးတိုင်း အတွင်းရှိ ပြည်ထောင်စရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၂၈) ခုကို လည်းကောင်း၊ ကြေညာချက် အမှတ် (၃၄/၂ဝ၁ဝ) ဖြင့် မကွေးတိုင်း အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၂၅) ခု ကိုလည်းကောင်း၊ ကြေညာချက် အမှတ် (၃၅/၂ဝ၁ဝ) ဖြင့် မန္တလေးတိုင်း အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ်ကော် မရှင်အဖွဲ့ခွဲ (၃၁) ခု ကိုလည်းကောင်း၊ ကြေညာချက် အမှတ် (၃၆/၂ဝ၁ဝ) ဖြင့် မွန်ပြည်နယ် အတွင်းရှိ ပြည်ထောင်စုရွေးကောက်ပွဲ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ (၁ဝ) ခုကို လည်းကောင်း၊ ကြေညာချက် အမှတ်(၃၇/၂ဝ၁ဝ) ဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ (၁၇) ခု ကိုလည်းကောင်း၊ ကြေညာချက် အမှတ် (၃၈/၂ဝ၁ဝ) ဖြင့် ရန်ကုန်တိုင်း အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ (၄၅) ခု ကိုလည်းကောင်း၊ကြေညာချက် အမှတ် (၃၉/၂ဝ၁ဝ) ဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ပြည်ထောင်စုရွေးကောက်ပွဲ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ (၅ဝ) ခု ကို လည်းကောင်း၊ ကြေညာချက် အမှတ် (၄ဝ/၂ဝ၁ဝ) ဖြင့် ဧရာဝတီတိုင်း အတွင်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ (၂၆) ခုကိုလည်းကောင်း ဖွဲ့စည်း တာဝန် ပေးအပ်လိုက်ကြောင်း သိရှိ ရသည်။



ရွေးကောက်ပွဲ



၇ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats