ရန်ကုန်၊ သီရိမင်္ဂလာ ဈေးကြီး သည် ယခင်က နေ့ညမပြတ် စည်ကား သက်ဝင် ခဲ့သည့် နေရာ တစ်ခု ဖြစ်ခဲ့ သော်လည်း ယခု ယင်း သို့သော တက်ကြွ မှုများ လျော့ပါး လာနေသည်ကို ဈေးသူ ဈေးသား များ၏ စကားသံများ၊ သူတို့၏ အမူ အရာများ တွင် အရိပ်ထင် နေသည်ကို တွေ့ရသည်။ သူတို့တွင် တူညီမှု တစ်ခု ရှိပါသည်။ ယင်းမှာ အိပ်မပျော် သောညများကို ဖြတ်သန်း နေရခြင်းပင် ဖြစ်ပါသည်။ယင်းမှာ နာဂစ် ဖြစ်ရပ် အပြီး နောက်ပိုင်း အရောင်း အ၀ယ်များ ယခင်လို ရောင်းကောင်းဝယ်ကောင်း မရှိခြင်းကြောင့်ဟု ဆိုနိုင် သော်လည်း၊ ယင်း အကြောင်း အချက် တစ်ခုတည်း ကြောင့်ဟု လုံးလုံး ပြောလို့ မရပါ။ မိမိတို့ ရောင်းချ နေသည့် ဈေးရွှေ့ ရမည် ဟူသည့် သတင်း ကပါ အိပ်မပျော် မှုကို တိုးပွား စေခြင်းကြောင့် ဖြစ်သည်။"ဟို အရင်တုန်းက ဒီဈေးကို အဆင့်မြင့် ဈေးလုပ်မယ် ဆိုတော့ ရွာမှာ ရှိတဲ့ အိမ်တွေ၊ လှေတွေ ပေါင်ပြီးတော့မှ အရစ်ကျ သွင်းပြီး ၀ယ်ထား ရတာ။ မကြာခင် ဒီနေရာ ကနေ တခြားကို ရွှေ့ရမယ် ဆိုတဲ့ အသံ ကြားတော့ အဆင် ပြေပါ့ မလား ဆိုတဲ့ စိုးရိမ် စိတ်တွေ ၀င်လာ ပါတယ်။ အရင် တစ်ခါ ကီလီ ကနေ ဒီနေရာကို ရွှေ့တုန်း ကလဲ ချက်ချင်း အထိုင် မကျသေး တော့ အဆင် မပြေမှု တွေ့လာရတယ်၊ ဖောက်သည် တွေလဲ ပျက်ကုန်တယ်။
အဲ့ဒါကြောင့် အထိုင် ကျနေတဲ့ ဒီနေရာလေး မှာပဲ ဆက်ပြီး အရောင်း အ၀ယ် လုပ်ချင် ပါတယ်။ ဒီမှာရှိတဲ့ ဈေးသည်တွေ အားလုံးလဲ ကျွန်မလိုပါပဲ"လို့ သံပရာသီး ကုန်စည်ဒိုင် မပုံ့ပုံ့က ပြောပြသည်။ "အခုဆိုရင် ကိုယ့်မိတ် နှင့်ကိုယ် အဆင်ပြေ နေပြီ။ တ ခြား နေရာက ဒီနေရာ လောက်တော့ အဆင်ပြေမှာ မဟုတ် ပါဘူး။ ဒီနေရာ လေးက ဆိပ်ကမ်းနဲ့လဲ နီးတယ်။ ကားအ၀င် အထွက်လဲ အဆင် ပြေတယ်။ အခုချိန်မှာ အရောင်း အ၀ယ် တွေကလဲ သိပ် အဆင် မပြေဘူး ဆိုတော့ အထိုင် မကျတဲ့ နေရာမှာ ပြောင်း ဖွင့်မယ် ဆိုရင် ပိုဆိုး သွားမှာပေါ့။ အားလုံး ကလဲ ကျွန်တော့် လိုပါပဲ" လို့ ငှက်ပျော်သီး ကုန်သည် ဦးတင် ထွဋ်ဆီမှ ကြားရကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၈ . ၅ . ၂၀၁၀
|

0 comments:
Post a Comment