Navigation - link to other main sections from here


ချင်းတွင်း မြစ်ရေ နည်းပါး မှုကြောင့် ရပ်နား ထားသည့် ရေယာဉ်များ ဇွန်လတွင် ပြန်လည် ပြေးဆွဲမည်


ချင်းတွင်း မြစ်ရေ နည်းပါး လာမှုကြောင့် စက်တင်ဘာလမှ စ၍ ရပ်နား ထားသည့် သလ္လာဝတီ ရေယာဉ် ၅ စင်း ကို ဇွန်လတွင် ပြန်လည် ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ချင်းတွင်း မြစ်ရေ နည်းလာလို့ သလ္လာဝတီ ရေယာဉ် တွေက သွားလို့ မရတော့တဲ့ အတွက် ရေတိမ်သွား သင်္ဘောတွေနဲ့ မုံရွာ ခရီးစဉ် တွေကို ဆွဲပေး နေတယ်။ အဲဒီ သင်္ဘော ၅ စီးကိုတော့ မန္တလေးကို ပို့ပြီး မန္တလေး - ဗန်းမော် လိုင်းကို အားဖြည့် ပြေးဆွဲပေး နေတယ်။ မေလ လောက်မှာ မူလ နေရာကို ပြန်ပို့ပေးပြီး ဇွန်လမှာ ပြန်လည် ပြေးဆွဲ ပေးသွားမှာ ပါဟု ၄င်းက ပြောသည်။ ချင်းတွင်း မြစ်ရေ လျော့နည်း လာမှုကြောင့် မုံရွာ ဟုမ္မလင်း ခရီးစဉ် များကိုမူ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်၍ ရပ်နားထားပြီး ကျန်သည့် ခရီးစဉ် များကို စက်တင်ဘာလမှ စ၍ ရပ်နားထားပြီး ရေတိမ်သွား သင်္ဘောများနှင့်သာ ပြေးဆွဲ ပေးလျက် ရှိသည်။ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ချင်းတွင်း ဌာနခွဲ (မုံရွာ အခြေပြု) မှ မုံရွာမှ ၄၄၅ မိုင် အကွာ အဝေး ရှိ ခန္တီးထိ သလ္လာဝတီ ရေယာဉ်များဖြင့် ပြေးဆွဲ ပေးလျက် ရှိပြီး မုံရွာမှ ကလေးဝ၊ ဟုမ္မလင်း သို့လည်း ပြေးဆွဲ ပေးလျက် ရှိသည်။


၇ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats