Navigation - link to other main sections from here


မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့၌ မိုးသက် လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်


မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာ ချက်များ အရ မေလ ၁၇ ရက်နေ့က ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်း မုန်တိုင်း “ လိုင်လာ (Laila) ” သည် အနောက် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျား ခဲ့ပြီး အိန္ဒိယ နိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့ဘက်မိုင် ၂၂၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသည်။ မုန်တိုင်း၏ အမြင့်ဆုံး လေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ ခန့်ရှိပြီး အနောက် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရသည်။ မုန်တိုင်း၏ လက်ရှိ အခြေအနေ အ၀ါရောင် အဆင့်သာ ရှိပြီး မြန်မာ နိုင်ငံဘက် ဆီသို့ ဦးတည် ရွေ့လျားခြင်း မရှိဟု သတ်မှတ်သည်။ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတမ်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်များ ကျရောက်ပြီး လှိုင်းကြီး နိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ် နိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန် ထားပါသည်။


၁၉ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats