ကျပ် ငါးသိန်းတန် ဖုန်းများကို မေလအတွင်း ရန်ကုန်မြို့ တစ်မြို့လုံးတွင် အသုံးပြု နိုင်တော့မည်ဟု လူအများက ပြောဆိုနေ ကြသော်လည်း ယခုအခါတွင် ရန်ကုန် တစ်မြို့လုံး အသုံးပြု နိုင်ရန်မှာ မသေချာသေးကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အခု လောလော ဆယ်တော့ ဒီလထဲမှာ တစ်မြို့လုံး အသုံးပြု နိုင်ဖို့ စီစဉ်နေ ပါတယ်။ မြို့နယ် အသီးအသီးမှာ တာဝါတိုင် တွေလည်း လိုက်ပြီး ထောင်ပေး နေတယ်။ ဒါပေမယ့် ဒီလမှာ အသုံးပြုနိုင်ဖို့ ဆိုတာက မသေချာ သေးဘူး။ ဒီလထဲမှာ မသေချာ သလို နောက်လ ထဲမှာလည်း ဖြစ်သွား နိုင်တယ်။ ဒါပေမယ့် တစ်မြို့လုံး အသုံးပြုလို့ ရအောင်တော့ စီစဉ်နေ ကြပါတယ် ဟု ၄င်းက ပြောသည်။လက်ရှိ ငှားရမ်းသုံးစွဲ ခွင့်ပြုထားသော ကျပ် ငါးသိန်းတန် CDMA 800 MHz ဖုန်းများ သည် မြို့နယ် ၁၇ မြို့နယ်တွင် အဓိက ချထားပေးပြီး လျှောက်ထားသည့် သတ်မှတ် မြို့နယ်များ အတွင်း မှနေ၍ ဖုန်းခေါ်ဆိုမှု ပြုလုပ် နိုင်မည် ဆိုသော်လည်း အချို့ မြို့နယ် များတွင် သတ်မှတ် မြို့နယ်နှင့် အနီး ပတ်ဝန်းကျင် မြို့နယ်များတွင် ရွှေ့ပြောင်း ခေါ်ဆို၍ ရနေကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်မြို့တစ်မြို့လုံးမှာ ဖုန်းကို အသုံးပြု နိုင်တော့မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ GSM ဖုန်းတွေလို အသုံးပြုလို့ ရတော့ ကောင်းတာပေါ့။ အခုဆိုရင် သတ်မှတ် မြို့နယ်ထက် ကျော်ပြီး သုံးလို့ရတော့ အဆင်ပြေ ပါတယ။် အသံရော၊ လိုင်းဆွဲအားပါ သုံးလို့ ကောင်းတယ် ဟု ကျပ်ငါးသိန်းတန် ဖုန်း သုံးစွဲသူ မမူယာခင်က ပြောသည်။ ရန်ကုန်မြို့တွင် လက်ရှိ ငှားရမ်း သုံးခွင့် ပြုထားသော ကျပ်ငါးသိန်းတန် ဖုန်းများသည် ကြိုတင် ငွေဖြည့်ကတ် စနစ်ဖြစ်ပြီး ပြည်ပ ခေါ်ဆိုမှု အတွက် FEC 20 တန်နှင့် FEC 50 တန်ကတ်၊ ပြည်တွင်း ခေါ်ဆိုမှု အတွက် ကျပ် တစ်သောင်းတန်နှင့် ကျပ်သုံးသောင်းတန် တို့ဖြင့် အသုံးပြု နိုင် ကြေင်း True News Journal တွင် ဖော်ပြထားသည်။
၂ . ၅ . ၂၀၁၀
|

0 comments:
Post a Comment