
မြန်မာ ပြည်တွင်း သယ်ယူ ပို့ဆောင်ရေး အဆင်ပြေမှုကို အားဖြည့်သည့် အနေဖြင့် ပုဂ္ဂလိက လေကြောင်း လိုင်းသစ် တစ်ခု ပြည်တွင်း လေကြောင်း ကဏ္ဍတွင် ပြေးဆွဲတော့ မည်ဟု သတင်း ရရှိ ပါသည်။ ပုဂ္ဂလိက ဘဏ် တစ်ခုကို အောင်မြင်စွာ တည်ထောင် လည်ပတ် လျက်ရှိသော စီးပွားရေး လုပ်ငန်းစု တစ်ခုက တည်ထောင်မည့် ယင်း လေကြောင်းလိုင်း ၏ အမည်မှာ “အင်းလေး” လေကြောင်း လိုင်း ဖြစ်ပြီး လေယာဉ်ကွင်း ရှိပါလျက် လေကြောင်းလိုင်း မပြေးဆွဲ နိုင်သော မြို့များသို့ မြန်မာ လေကြောင်းလိုင်း နှင့် ပူးပေါင်း ပျံသန်းမှု ပြုလုပ်ရန် စီစဉ် ထားကြောင်း သိရှိ ရပါသည်။ အင်းလေး လေကြောင်းလိုင်း မှ ပြေးဆွဲမည့် လေယာဉ်များ ၀ယ်ယူခြင်းနှင့် အခြား လိုအပ်သော စီစဉ် ဆောင်ရွက် မှုများ အတွက် ညှိနှိုင်း ဆွေးနွေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။
၂၀ . ၅ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment