Navigation - link to other main sections from here


တစ်ထောင်ကျပ်တန် ငွေအတုများ ဖမ်းဆီးရမိ


ငွေတစ်ထောင် ကျပ်တန် အစစ် ကျပ် တစ်သိန်း နှင့် အတု ငွေကျပ် ၁၀ သိန်းကို အလဲ အလှယ် လုပ်လာသူများ အဖမ်းခံ ရကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှ သိရသည်။ ယခုလ ၁၁ ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံ ရပ်ကွက်တွင် ငွေစက္ကူ အတုဟု ယူဆရသည် များကို ကိုင်ဆောင် သုံးစွဲ နေကြောင်း ကြားသိရသည့် အတွက် ယင်း၏ တာဝန် ရှိသူများက သွားရောက် စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ “ဗိုလ်ထွန်းစံ ရပ်ကွက် ဗိုလ်တေဇလမ်း၊ အိမ်နံပါတ် ၁၇ မှာနေတဲ့ မကြည်ကြည်မိုး နှင့် အဖ ဦးဘိုအောင် တို့က အဲဒီ ရပ်ကွက်က ဈေးဆိုင် တွေမှာ ငွေစက္ကူ အတုနဲ့ ဈေးဝယ် ကြတာက စပြီး သဲလွန်စ ဖြစ်တာပါပဲ” ဟု ယင်း၏ တာဝန်ရှိသူက ရှင်းပြသည်။ ၄င်းတို့က ငွေစက္ကူ အတုဖြင့် ငွေကျပ် ၂၀၀ ဖိုးစီ ၀ယ်ယူကာ ၈၀၀ ကျပ်ကို ပြန်လည် သိမ်းကြောင်း ယင်းက စစ်ဆေး တွေ့ရှိမှု အပေါ် အခြေခံ၍ ပြောသည်။ “စုစုပေါင်း အဲဒီအနီး ပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀၀ ကျပ်တန် ငါးရွက် အသုံးပြု ထားတာ တွေ့ရတယ်”ဟု ယင်းက ဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူ အတု များကို ည ၇ နာရီ ၁၅ မိနစ်ခန့်က Kangaroo အဖြူနက် လက်ကိုင်အိတ်မှ အရွက် ၇၀ ထပ်မံ တွေ့ရှိ ခဲ့ကြောင်း၊ ငွေစက္ကူ အတု များကို ရွှေပေါက်ကံ မြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေ ဆိုသည့် အမျိုးသမီးကြီးက မြ၀တီ ဘက်သို့ ဘုရားဖူး သွားရင်း ဆိုင်ကယ်သမား တစ်ယောက် နှင့် ရင်းနှီးကာ ငွေကျပ် တစ်သိန်း နှင့် ကျပ် ၁၀ သိန်းကို အလဲ အလှယ် ပြုလုပ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒေါ်ယဉ်ယဉ်ရွှေ နှင့် မကြည်ကြည်မိုး၊ မိခင် ဒေါ်စန်းမြင့်တို့ နှစ်ဦးက အဆက် အသွယ် ရှိပြီး ငွေစက္ကူ အတု တွေကို သုံးစွဲကြတာ၊ အခု ဖြစ်စဉ်မှာ အတုမှန်း သိလျက် သုံးစွဲ သူတွေ အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁၀နှင့် အရေးယူထား ပါတယ်” ဟု တာဝန်ရှိသူက ပြောပြ ခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။


၂၇ . ၅ . ၂၀၁၀
Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats