Navigation - link to other main sections from here


ဘောလုံး အကယ်ဒမီ မေလ တတိယပတ် ဖွင့်မည်


မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက် ခဲ့သော မန္တလေးမြို့ရှိ ဘောလုံး အကယ်ဒမီ ကို မေလ တတိယ ပတ်တွင် ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ဘောလုံး အကယ်ဒမီ မှ ကျောင်းအုပ်ကြီး ဦးစိုးညွန့် က ပြောသည်။ အဆိုပါ ဘောလုံး အကယ်ဒမီ တွင် အပြည်ပြည် ဆိုင်ရာ စံနှုန်းဖြင့် တည်ဆောက် ထားသော ဘောလုံးကွင်း နှစ်ကွင်း၊ ဖူဆယ် ဘောလုံးကွင်း တစ်ကွင်း၊ သဲသောင်ပြင် ဘောလုံးကွင်း တစ်ကွင်း စုစုပေါင်း ဘောလုံး ကွင်း လေးကွင်း ပါရှိသည်။ ၁၅ ဧက ကျယ်ဝန်းသည့် ဘောလုံး အကယ်ဒမီ တွင် သုံးထပ်ဆောင် ပါရှိ ပြီး ဘောလုံး အသင်း သုံးသင်းစာ နေနိုင်သည့် အဆောင်၊ လူ ၁၂၀ စားသောက် နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်း တို့ပါ ရှိသည်။

နည်းပြများ အတွက် အဆောင် သီးသန့် ပါရှိပြီး အထူး ဧည့်သည်များ အတွက်လည်း သီးသန့် အခန်း ထားရှိသည်။ ထို့ပြင် စာသင်ဆောင်၊ ကာယကြံ့ခိုင်မှု လေ့ကျင့်ဆောင်၊ အစည်းအဝေး ခန်းမ စသည် တို့လည်း ပါရှိသည်။

"ဒီ အဆောက် အအုံကို ကနဦးက ဧရာရွှေဝါ ကုမ္ပဏီက တာဝန်ယူ ခဲ့ပြီး ရေမီး၊ landscaping ပိုင်း တွေကို Max ကုမ္ပဏီက တာဝန်ယူခဲ့ ပါတယ်။ ဖွင့်ပွဲ ရက်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတ်မှတ်မယ့် ရက်ကို ပဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ၂၁ ရက်နေ့ လို့ပဲ ခန့်မှန်း ထားရတာပါပဲ"ဟု ကျောင်းအုပ်ကြီး ဦးစိုးညွန့်က ဆိုသည်။

အဆိုပါ ဘောလုံး အကယ်ဒမီ အတွက် ၁၁ နှစ်အောက် အယောက် ၃၀၊ ၁၃ နှစ်အောက် အယောက် ၃၀၊ ၁၅ နှစ်အောက် အယောက် ၃၀ ရွေးချယ်ထားပြီး ဖြစ်ကာ နိုင်ငံခြား နည်းပြချုပ် တစ်ဦး၊ မြန်မာနည်းပြ သုံးဦး တို့က တာဝန်ယူ သင်ကြား ပေးမည့် အပြင် မြန်မာ့ ဘောလုံးလက် ရွေးစင် အဖြစ် မွေးထုတ်ရန် ရည်စူး ဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ ဘောလုံး အကယ်ဒမီ သည် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သိပ္ပံလမ်း တောင်ဘက်၌ တည်ရှိ ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။


၂၈ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats