Navigation - link to other main sections from here


သတ္ထုတွင်း ဝန်ကြီးဌာန ရုံးဟောင်းကို ကလေး ဆေးရုံ အဖြစ် ဖွင့်လှစ် သွားမည်


ရန်ကုန်တိုင်း၊ ရန်ကင်းမြိုနယ် သစ္စာ လမ်းတွင် တည်ရှိသည့် သတ္ထုတွင်း ဝန်ကြီးဌာနရုံး အဆောက် အအုံ ဟောင်းကို ကလေး ဆေးရုံ အဖြစ် လာမည့် ၂၀၁၀ ခုနှစ် နှစ်လယ် ပိုင်းတွင် ဖွင့်လှစ် နိုင်ရန် မက်(စ်) မြန်မာ ကုမ္ပဏီက တာဝန်ယူ ပြင်ဆင် ဆောင်ရွက် နေကြောင်း ယင်း ကုမ္ပဏီ၏ မန်နေဂျာ ဦးဆန်းလင်းဝင်း က ထုတ်ဖော် ပြောဆို သည်။ ကလေး ဆေးရုံ အဖြစ် ဆောက်လုပ်ဖို့ အဆောက် အအုံပိုင်းကို နိုင်ငံတော်က ချပေးတာ ဖြစ်တယ်။ ဒီနှစ်ရဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလပိုင်း ကတည်းက အဆောက် အအုံ ပြင်ဆင်တဲ့ လုပ်ငန်း ပိုင်းကို စတင် ဆောင်ရွက် ခဲ့တာ ဖြစ်တယ်။

ကုတင် ၅၀ဝ ဆံ့ ကလေး ဆေးရုံ အဖြစ် ပြင်ဆင် ဆောက်လုပ်ပြီး လှူဒါန်း သွားမှာ ဖြစ်တယ်ဟု အဆိုပါ ပုဂ္ဂိုလ်က အဆောက် အအုံ ပြင်ဆင် ဆောင်ရွက် နေသည့် အခြေ အနေ အချို့ကို ရှင်းပြ ပြောဆို သည်။ ကုမ္ပဏီက ကလေး ဆေးရုံ အဖြစ် ပြုပြင် တည်ဆောက်ပြီး လိုအပ်သည့် ဆေးရုံသုံး စက်ပစ္စည်း ကိရိယာ များကို ထောက်ပံ ပေးပြီးသည့် နောက် ယင်း ဆေးရုံ စတင် ဖွင့်လှစ်သည့် အချိန်မှ စတင်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ကို လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောဆို ပါသည်။


၆ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats