Navigation - link to other main sections from here


ခန့်စည်သူရဲ့ ခန့် စေတနာ ဆေးခန်း ဖွင့်လှစ်မည်


အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကား နဲ့ အကယ်ဒမီ ရွှေစင်ရုပ်တုဆု ပိုင်ဆိုင်ထားတဲ့ မင်းသား ခန့်စည်သူဟာ သင်္ဃန်းကျွန်း မြိုနယ်မှာ အခမဲ့ ဆေးခန်းလေး တစ်ခု ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ ကျွန်တော် ပထမက ဒီဆေးခန်းကို တောင်ဥက္ကလာပ မြို့နယ်မှာ ဖွင့်မယ်လို့ စဉ်းစားထားတာ တောင်ဥက္ကလာပမှာက လူချမ်းသာတွေ နေတာများလို့ အခြေခံ လူတန်းစားတွေ နေတာ များတဲ့ သင်္ဃန်းကျွန်း ဘက်မှာ ဖွင့်မယ်လို့ စဉ်းစား ထားတယ်လို့ ခန့်စည်သူက ပြောပါတယ်။ သရုပ်ဆောင် ခန့်စည်သူဟာ ဆေးခန်းရဲ့ အမည်ကို ခန့်စေတနာလို့ အမည် ပေးထားပြီး လူတန်းစား မျိုးစုံ လာရောက် ကုသ နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တယ်လို့ သူက ပြောပါတယ်။ ကျွန်တော် ဆေးခန်းကို လာရောက်ကုသတဲ့ နေရာမှာ စာရွက် စာတမ်းတွေ ငွေတွေ ဘာတွေ ပေးစရာ မလိုပါဘူး ရောဂါသာ သယ်လာခဲ့ပါ။ ပျောက်အောင် ကုသ ပေးပါမယ်လို့ ခန့်စည်သူက ပြောပါတယ်။ ခန့်စေတနာ ဆေးခန်းမှာ တိုင်းရင်းဆေးနဲ့ မကုသဘဲ အင်္ဂလိပ်ဆေးနဲ့သာ အဓိက ကုသ ပေးမှာ ဖြစ်ပြီး ဆရာဝန် ဆရာမများက လူနာများကို အလှည့်ကျ ကုသ ပေးမှာ ဖြစ်ပါတယ်။ ခန့် စေတနာ ဆေးခန်းကို နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်ရန် ရည်ရွယ် ထားပြီး လတ်တလောတွင် သင်္ဃန်းကျွန်း မြို့နယ် အတွင်း ဆေးခန်း ဖွင့်လှစ်ရန် မြေနေရာ ရှာဖွေ နေတယ်လို့ ခန့်စည်သူက ဆိုကြောင်း True News Journal တွင် ဖော်ပြ ထားသည်။


၆ . ၅ . ၂၀၁၀



Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats