မြန်မာနိုင်ငံတွင် FM ထုတ် လွှင့်ခွင့် ရနေသော ပြည်နယ် နှင့် တိုင်း ကိုယ်စားပြု ပုဂ္ဂလိက အက်ဖ်အမ် လိုင်းများ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ထုတ်လွှင့်ခွင့် ရတော့မည် ဖြစ်ကြောင်း အဆိုပါ အက်ဖ်အမ် အသိုင်း အ၀ိုင်းမှ သိရသည်။ ပြည်နယ်နှင့် တိုင်းများတွင် နယ်မြေ အကန့် အသတ်ဖြင့် အသံလွှင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ပုဂ္ဂလိက အက်ဖ်အမ် လိုင်းများ အနေဖြင့် မိမိ တာဝန်ယူ ထားသော ဒေသတွင် ပြည့်စုံသည့် အသံလွှင့် ဧရိယာ ရရှိပါက ရန်ကုန်နှင့် မန္တလေး အပါ အ၀င် တစ်နိုင်ငံ လုံးသို့ ထုတ်လွှင့်ခွင့် ရရှိမည် ဖြစ်ရာ ယင်း အက်ဖ်အမ် လုပ်ငန်း များသည် ဇွန်လ အတွင်း နယ်မြေ တိုးချဲ့အသံလွှင့်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။"ကိုယ် တာဝန် ယူရတဲ့ နယ်မြေ အကျဉ်း အကျယ်ပေါ် မူတည်ပြီး သတ်မှတ် ထားတဲ့ အသံလွှင့် ဧရိယာ ပြည့်စုံရင် ရန်ကုန်၊ မန္တလေးနဲ့ တစ်နိုင်ငံလုံးကို ၀င်လို့ ရမှာ ဖြစ်လို့ အားလုံးက ကြိုးစား နေကြတာ။ နောက် နှစ်လလောက် ဆိုရင် ရန်ကုန်ကို ၀င်လာနိုင် ပါတယ်။ ကျွန်တော်တို့က အသံလွှင့် ဧရိယာ ပြည့်စုံဖို့ တာဝါတိုင် ခြောက်တိုင် ထောင်နိုင်ရင် ရပြီ။ ကုန်ကျ စရိတ် အနေအထား ကတော့ လက်ရှိ အက်ဖ်အမ်တွေ အားလုံး က တာဝါတိုင် တိုင်းမှာ မီးစက် မောင်းပြီး အသံလွှင့် နေကြ တာမို့လို့ ဒါ က အဓိက ကုန်ကျ စရိတ် ဖြစ်နေတယ်။ ဂီတ အစည်း အရုံးက နယ်မှာလွှင့် မယ်ဆိုရင် အလွှာ ငါးလွှာ နှင့် ဂီတ အစည်း အရုံး ရန်ပုံငွေ ဆိုပြီး သီချင်း တစ်ပုဒ်ကို ကျပ် ၆၅၀ ပေးရတယ်။ ရန်ကုန်ကို ၀င်မယ် ဆိုရင် တစ်ပုဒ် ကျပ် ၁၂၀၀ ဆိုတော့ ကုန်ကျ စရိတ်က တိုးလာမှာ။ ဒါကို ခံနိုင် မခံနိုင် ချိန်ရပါတယ်"ဟု အက်ဖ်အမ် ပုဂံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၆ . ၅ . ၂၀၁၀
|

0 comments:
Post a Comment