
ယခုနှစ် ညီလာခံတွင် ဟောပြောမည့် သူများ နှင့် တက်ရောက် နားထောင် ကြမည့်သူ ဦးရေ ၄၅၀ ကျော် ရှိပြီး နိုင်ငံ တွင်းရှိ ကျောင်းများ၊ အမေရိကန် စင်တာ၊ မြန်မာ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိုမန်၊ အိန္ဒိယ၊နီပေါ၊မလေးရှား၊ ရိုမေးနီးယား၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ စင်ကာပူ၊ ထိုင်ဝမ် နှင့် ယူနိုက်တက်ကင်းဒမ်း နိုင်ငံများ အပါ အဝင် ကမ္ဘာ တစ်ဝန်း ရှိ ဗြိတိသျှ ကောင်စီ ရုံးများမှ ဟောပြောမည့် သူများ၏ အလုပ်ရုံ ဆွေးနွေးပွဲပေါင်း ၅၀ ကျော် ပါရှိမည် ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြား သည်။
ညီလာခံ၌ ဘာသာ စကား ကျွမ်းကျင်မှု အကဲဖြတ်ရာတွင် ကမ္ဘာ့ထိပ်တန်းပြေးနေသည့် ဘက်ဖော့ရှိုင်းယားတက္ကသိုလ်တွင် အင်္ဂလိပ် ဘာသာ စကား ကျွမ်းကျင် မှုနှင့် နည်းပညာ အကြောင်း လေ့လာသူ Dr Stephen Bax နှင့် ကမ္ဘာ တစ်ဝန်းရှိ သင်ကြားရေး ဌာနများ နှင့် စာမေးပွဲစစ်ခြင်းနှင့် ကွန်ယက် အတွက် ဗြိတိသျှကောင်စီ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မန်နေဂျာ Liam Brown တို့က အဖွင့် မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး Dr Bax က အရှေ့ အာရှ နိုင်ငံ များမှ စာသင်ခန်း များတွင် မည်သည် တို့က ဆရာကောင်း တစ်ယောက် ဖြစ်သည် ဆိုသည် နှင့် ပတ်သက်၍ သုတေသန ပြုလုပ်ခဲ့သူ၏ အတွေ့ အကြုံ များက မျှဝေ သွားမည် ဖြစ်သလို ပညာရေး နှင့် အင်္ဂလိပ်စာ သင်ကြားရေး ဆိုင်ရာ အတွေ့အကြုံ နှစ်ပေါင်း ၃၀ ရထားသည့် Liam က ဆရာ တစ်ယောက် ဖွံ့ဖြိုးမှု အတွက် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ အသိပညာများ နှင့် အရည် အသွေးကို မည်သို့ မည်ပုံ အထောက် အကူ ပြုသည်ကို ဆွေးနွေးပေး သွားမည် ဖြစ်ကြောင်း ဗြိတိသျှ ကောင်စီမှ ဒါရိုက်တာ Alan Smart က ပြောကြားသည်။
မြန်မာ နိုင်ငံတွင် ELTeCS အသင်းဝင် ၁,ဝ၀ဝ ကျော် ရှိပြီး ၄င်းတို့မှာ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများ၊ တက္ကသိုလ် များမှ ဆရာ၊ ဆရာမများ ဖြစ်ကြကြောင်း အသင်းဝင် များသည် လစဉ် ကျင်းပသည့် တွေ့ဆုံပွဲများ၊ ဟောပြောပွဲများ၊ သင်တန်း များမှ တစ်ဆင့် တစ်ဦး နှင့် တစ်ဦး တွေ့ဆုံ အကူအညီ ပေးနိုင်ခြင်း အခွင့်အရေးများ ရရှိကြောင်း၊ ဤ အစီအစဉ် များကို မကြာသေး မီက မန္တလေးမြို့သို့ တိုးချဲ့ ထားကြောင်း ၄င်းမှ ELTeCS အကြောင်း ရှင်းပြ ခဲ့သည်။ ၁၁ ကြိမ်မြောက် နှစ်စဉ် အင်္ဂလိပ်စာ သင်ကြားမှု ဆိုင်ရာ ညီလာခံ သို့မဟုတ် ELTeCS နှင့် ပတ်သက်၍ သိလိုသူများ အနေဖြင့် ဒေါ်မြတ်လေးတင့် ဗြိတိသျှကောင်စီ ဖုန်း- ၂၅၄၆၅၈ ၊ ၂၅၆၂၉၀ ၊ ၂၅၆၂၉၁ လိုင်းခွဲ ၃၃၁၁ သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။
၆ . ၅ . ၂၀၁၀
|

0 comments:
Post a Comment