Navigation - link to other main sections from here


ဧည့်နိုင်ငံသား နှင့် နိုင်ငံသား ပြုခွင့် ရသူများ ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့် မရှိ


မြန်မာ နိုင်ငံ အစိုးရ ၏ မူဝါဒ လမ်းစဉ် ခုနစ်ရပ် အရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက် ပွဲတွင် ဧည့်နိုင်ငံသားများ နှင့် နိုင်ငံသား ပြုခွင့် ရသူ နိုင်ငံရေး ပါတီ ထူထောင်ခွင့် နှင့် ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိကြသော်လည်း ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့် ရရှိမည်မဟုတ်ကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ အရ သိရှိရသည်။

နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက မတ်လ ၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအခန်း(၂) ပုဒ်မ (၄) (က)တွင်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့် ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများ ကို နိုင်ငံရေး ပါတီ ထူထောင်ခွင့် ပြုခဲ့သည်။

သို့ရာတွင် ပြည်သူ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁ဝ(ဍ) ရှိ ရွေးကောက် တင်မြှောက် ခံပိုင်ခွင့် မရှိ သူများတွင် ဧည့် နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသား အဖြစ် ခံယူ ထားသူ များကို သတ်မှတ် ခဲ့သည်။

ရွေးကောက် တင်မြှောက် ခံပိုင်ခွင့် ရှိသူများ နှင့် ပတ်သက်၍ ယင်းနေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နှင့် တိုင်း ဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ များရှိ အခန်း (၅) ၊ပုဒ်မ (၈) နိုင်ငံသား မိဘ နှစ်ပါးမှ မွေးဖွားသော နိုင်ငံသား ဖြစ်သူ၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာ နိုင်ငံတွင် အနည်းဆုံး ၁ နှစ် အခြေချ နေထိုင် ခဲ့သူ နှင့် အသက် ၂၅ နှစ်ပြည့်ပြီး ဤ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်သူဖြစ်ရမည်၊ မဲဆန္ဒနယ် စာရင်းတွင် ပါဝင်သူ၊ ဥပဒေတွင် သတ်မှတ် ထားသည့် အရည် အချင်း များနှင့် ပြည့်စုံသူ စသည့် အချက်များ ထည့်သွင်း သတ်မှတ်ခဲ့သည်။

ခြွင်းချက် အနေဖြင့်မူ နိုင်ငံတော်၏ ခွင့်ပြု ချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလ များကို လည်း နိုင်ငံတော်တွင် အခြေချ နေထိုင် ခဲ့သည့် ကာလအဖြစ် ထည့်သွင်း ထားကြောင်း တွေ့ရှိ ရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

၁ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats