Navigation - link to other main sections from here


ငါးသိန်းတန်ဖုန်းများတွင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကြည့်ရှု နိုင်ပြီ


ယခင်က GSM မိုဘိုင်း ဖုန်းများ တွင်သာ မြန်မာစာ စနစ်သုံး ဆော့ဝဲလ် ထည့်သွင်း အသုံးပြု နိုင်ခဲ့ သော်လည်း ယခု အခါတွင် CDMA 800MHz ငါးသိန်း တန်ဖုန်းများတွင်ပါ အသုံး ပြုနိုင်ရန် Sm3 မှ ထပ်မံ ထုတ်လုပ် လိုက်ပြီး ဖြစ်ကြောင်း သိရှိ ရသည်။ World Finder ဆော့ဝဲလ်မှာ ဖုန်းပေါ်တွင် အဘိဓာန် များစွာကို စုစည်း ပေးထားသော အဘိဓာန်များ ရှာဖွေ စနစ် ဖြစ်ပြီး ဦးဆုံး အနေဖြင့် သာလွန် အင်္ဂလိပ်- မြန်မာ အဘိဓာန် ကို ငါးသိန်းတန် ဖုန်း များတွင် ထည့်သွင်း ကြည့်ရှု နိုင်ရန် စီစဉ် ပေးထားကြောင်း လည်း သိရှိ ရပါသည်။

“ နောက်ပိုင်မှာ အဘိဓာန်မျိုးစုံကို ထည့်သွင်းနိုင်ဖို့ လုပ်သွားမှာပါ။

အခုတော့ သာလွန် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကို မှီငြမ်း ထည့်ပေး ထားပါတယ်။ A ကနေ Z အထိ အစဉ်လိုက် အဆက် မပြတ် ကြည့်နိုင်အောင် စီစဉ် ပေးထား ပါတယ်။ သုံးရတာ လွယ်အောင်လည်း ရိုးရှင်းတဲ့ အသွင် အပြင်နဲ့ ခလုတ် အသုံး ပြုရ အနည်းဆုံး ဖြစ်အောင် လုပ်ပေး ထားပါတယ်” ဟု Sm3 မှ ကိုတင်မျိုးဟန်က ရှင်းပြသည်။ အဆိုပါ ဆော့ဝဲလ်ကို JAVA ဖုန်း နှင့် မန်မိုရီပမာဏ 2.2 Mb အနည်းဆုံး ရှိသော CDMA 800MHz သုံး ဟန်းဆက် များတွင် ဆော့ဝဲလ် ထည့်သွင်း နိုင်ပြီး ဆော့ဝဲလ် ထည့်သွင်း နိုင်သည့် ဈေးနှုန်းမှာ ကျပ် ၉၅၀၀ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂ ရက် နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

၁ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats