ရန်ကုန်မြို့ရှိ စီအင်န်ဂျီ အရောင်း ဆိုင် တချို့တွင် ဓာတ်ငွေ့ ထည့်ရန် အချိန် စောင့်ဆိုင်းရန် အတွက် ယာဉ်မောင်း အချို့မှာ အလုပ် သမားများ ငှားရမ်းသည့် စနစ်ကို ပြန်လည် ကျင့်သုံး လာကြကြောင်း အဆိုပါ ယာဉ်မောင်းများ ထံမှ စုံစမ်း သိရှိ ရသည်။ ယခု ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ နှင့် မတ်လ အတွင်း၌ ရန်ကုန် မြို့ရှိ စီအင်န်ဂျီ အရောင်းဆိုင် တချို့မှ ရံဖန် ရံခါ တွင် မီးပျက်နေ မှုကြောင့် ယာဉ်မောင်း အများ စုမှာ အချိန် များစွာ စောင့်ဆိုင်းသည့် အတွက် အလုပ် သမား ငှားရမ်း ၍ ဓာတ်ငွေ့ထည့်သည့် စနစ်ကို ပြန်လည် ကျင့်သုံး လာကြောင်း သိရှိ ရသည်။'' အခုလ အတွင်းမှာ CNG ဆိုင် တချို့မှာ မီးပျက် နေတော့ ခေတ္တ ပိတ်ထားတယ်။ မီးလာတဲ့ အချိန်ကိုလည်း စောင့်ရတဲ့ အခါမှာ တစ်ခါ တစ်လေ ကျရင် ကားထဲမှာ ချည်းပဲ တစ်ချိန်လုံး ထိုင်စောင့်ပြီး တစ်ရွေ့ရွေ့မောင်းပြီး တော့ ဆီထည့် ရမယ် ဆိုရင် တော်တော် လေးကို ဒုက္ခ ရောက်တယ်။ အဲဒါ ကြောင့်မို့လို့ အချိန် ကြာမယ် ဆိုရင် မစောင့် နိုင်တော့လို့ လူငှား ရမ်းပြီး စောင့် ခိုင်းပါတယ်။ တစ်နာရီကို ဆေးလိပ်၊ ကွမ်းယာ ကျွေးပြီး ၅၀၀ လောက်ပေး ရပါတယ်'' ဟု ကြည့်မြင်တိုင် မြို့နယ် ရှိ CNG ဓာတ်ငွေ့ ဆိုင်တွင် ဓာတ်ငွေ့ ထည့်လေ့ ရှိသည့် အငှား ယာဉ်မောင်း တစ်ဦးက ဆိုပါသည်။
စမ်းချောင်း မြို့နယ်ရှိ CNG အငှား ယာဉ်မောင်း တစ်ဦး ကလည်း'' ဒီလို ဆီထည့်ဖို့ လူငှားရမ်း တဲ့ အခါမှာ လည်း တချို့လူတွေက စောင့်ဆိုင်း နေတဲ့ အချိန်မှာ ကားကို ဆေးကြော တာတွေ ပြုလုပ် ပေးတယ်။ တစ်ခါ တစ်လေ မီး ပျက်ရင်တော့ အကြောင်း မရှိပါဘူး။ မီးပျက်တဲ့ အချိန် များရင်တော့ ကျွန်တော်တို့ အတွက် ကား အုံနာကြေး ပြည့်ဖို့တောင် မလွယ်ပါဘူး''ဟု ပြောကြား ခဲ့ကြောင်း Weekly Eleven တွင် ဖော်ပြထား ပါသည်။
၁ . ၄ . ၂၀၁၀
|

0 comments:
Post a Comment