Navigation - link to other main sections from here


ဘင်္ဂလားပင်လယ်အော်တွင် ဧပြီနှင့်မေ၌ ဖြစ်ပေါ် တတ်သော မုန်တိုင်းများ မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်ခြေ ရှိ


ဘင်္ဂလား ပင်လယ်အော် တွင် ဧပြီ နှင့် မေလများ ၌ ဖြစ်ပေါ် တတ်သော မုန်တိုင်း များသည် မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်ခြေ ရာခိုင်နှုန်း ၄၀ ရှိနေ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ယင်းကြောင့် အဆိုပါ ကာလများတွင် မုန်တိုင်း သတင်း များနှင့် ပတ်သက်၍ အထူး ဂရုပြု ကြရန် လိုအပ်ကြောင်း သိရပြီး မုန်တိုင်း အရောင် အဆင့် ခွဲခြားခြင်း များကိုပါ လေ့လာ ထားရန် လိုအပ်ကြောင်း ယင်းက သတိပေး ပြောကြား လိုက်သည်။

“ဧပြီ နဲ့ မေမှာ ဖြစ်တတ်တဲ့ မုန်တိုင်း တွေက မြန်မာပြည် ဘက်ကို ရာခိုင်နှုန်း ၄၀ ဝင်တတ်တယ်။ အမျိုး အစားက သုံးပုံ တစ်ပုံ ရှိတော့ အဲဒီ ကာလမှာ မုန်တိုင်း ဖြစ်ပြီ ဆိုတာနဲ့ သတင်း တွေကို နားစွင့် ထားရမှာ ဖြစ်တယ်။ မုန်တိုင်း သတင်း လွှင့်တဲ့ အခါ အရောင် အဆင့်နဲ့ လွှင့်မှာ ဖြစ်လို့ သေချာ နားလည် ထားဖို့ လိုအပ် ပါတယ်” ဟု ဆိုသည်။

မုန်တိုင်း အရောင် သတ်မှတ် ချက်မှာ အဆင့် ငါးဆင့်ရှိ ပြီး အဝါရောင်မှာ မြန်မာ့ ကမ်းရိုးတန်း အတွက် အန္တရာယ် မရှိဟု ဖြစ်ကာ လိမ္မော်ရောင် မှာ မြန်မာ့ ကမ်းရိုးတန်း ဘက်ကို ဦးတည် လာနိုင်သည် ဖြစ်၍ အနီရောင်မှာ ကမ်းရိုး တန်းကို ၁၂ နာရီ အတွင်း ဖြတ်မည်ဟု ဖြစ်ပြီး အညိုရောင်မှာ ကမ်းရိုးတန်းကို ဖြတ်ကျော် နေပြီ ဖြစ်ကာ အစိမ်းရောင်မှာ မုန်တိုင်း ဖြတ်ကျော် ပြီးပြီ တို့ ဖြစ်ပါသည်။

၃၁ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats