Navigation - link to other main sections from here


ကိုရီးယား - မြန်မာ ပူးပေါင်း ဖွင့်လှစ်မည့် မော်တော်ကား အ ထူးပြု မကွေးစက်မှုသင်တန်းကျောင်းမှ နှစ်စဉ် ကျောင်းသား ၃၀၀ အား အခမဲ့ သင်ကြားမည်


ကိုရီးယား - မြန်မာ ပူးပေါင်း ဖွင့်လှစ်မည့် မော်တော်ကား အထူးပြု မကွေး စက်မှု သင်တန်း ကျောင်းတွင် နှစ်စဉ် ကျောင်းသား ၃၀၀ ခန့်အား စက်မှု နည်းပညာ များကို အခမဲ့ သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ တာဝန် ရှိသူ များက ပြောကြားသည်။အဆိုပါ စက်မှု သင်တန်းတွင် မော်တော်ကား ပြုပြင် ထိန်းသိမ်း၊ ထုတ်လုပ်မှု နည်းပညာ များကို အထူးပြု သင်ကြားမည် ဖြစ်ကာ စီမံကိန်း ကာလမှာ ၂၀၁၀ မှ ၂၀၁၂ အထိ သုံးနှစ် ဖြစ်ပြီး လိုအပ်သော ပစ္စည်းများ နှင့် သင်တန်း ပို့ချမှု အတွက် KOICA မှ ကန်ဒေါ်လာ သုံးသန်း၊ အဆောက် အအုံ တည်ဆောက်ရေး အတွက် မြန်မာ အစိုးရက ကန် ဒေါ်လာ နှစ်သန်း မှ သုံးသန်း စုစုပေါင်း ကန်ဒေါ်လာ ခြောက် သန်းဝန်းကျင် အသုံးပြု၍ စီမံကိန်း အကောင် အထည် ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ “ အဆောက် အအုံ ဆောက်ပြီးရင် ကိုရီးယားက ပညာရှင် တွေ ဒီကို လာနေပြီး မြန်မာ သင်တန်း ဆရာတွေနဲ့ အတူ စက်မှု နည်းပညာ တွေကို ပို့ချမှာ ဖြစ်ပါတယ်။ ပြီးရင် မြန်မာ ဆရာတွေ ကိုလဲ ကိုရီးယားကို ခေါ်ပြီး စက်မှု နည်းပညာ ပို့ချဖို့ ရှိပါတယ်” ဟု အဆိုပါ စီမံကိန်း၏ Curriculum Design Expert မစ္စတာ Kim Yeong Wooh ကပြော ကြားသည်။

ယင်း သင်တန်း ကျောင်းတွင် မော်တော်ကား အင်ဂျင်၊ မော်တော်ကား ဝိုင်ယာရင်၊ ကား အောက်ပိုင်း၊ ဘော်ဒီ နှင့် ဆေးမှုတ်ခြင်း စသည့် အဓိက ဘာသာရပ် လေးခု နှင့် မော်တော်ကား ထုတ်လုပ်ခြင်း နှင့် စစ်ဆေး ကြည့်ရှုခြင်း စသည့် ဘာသာရပ် နှစ်ခု စုစုပေါင်း ဘာသာရပ် ခြောက်ခု ကို သင်ကြားမည် ဖြစ်ပြီး သင်တန်း ကာလ တစ်ခုလျှင် သုံးလ ဖြစ်ကြောင်း သိရသည်။ “ ဒီသင်တန်း တက်ဖို့ ပညာ အရည် အချင်း အထက်တန်း အောင်ရမှာ ဖြစ်ပါ တယ်။ ကျောင်းသား တွေနဲ့ လက်ရှိ လုပ်ငန်းခွင် ထဲက လူတွေကို စက်မှု( ၂) ဝန်ကြီးဌာနက ရွေးချယ်မှာ ဖြစ်ပါတယ်” ဟုယင်း စီမံ ကိန်း၏ ပညာရေး အဖွဲ့ဒါရိုက်တာမစ္စတာ Nam Kwon Hyoung က ပြောကြား သည်။ ထို့နောက် သင်တန်း သားများ အနေဖြင့် သင်တန်းပြီး ဆုံးပါ က အမှတ် (၂) စက်မှု ဝန်ကြီး ဌာန လက်အောက်ရှိ မော်တော်ကား ထုတ်လုပ်ရေး စက်ရုံ များတွင် အလုပ် အကိုင် ရရှိ နိုင်မည် ဖြစ်ကြောင်း ဆက်လက် သိရသည်။ အဆိုပါ စီမံကိန်း အတွက် သဘောတူ လက်မှတ် ရေးထိုးခြင်း အခမ်း အနားကို မတ် ၂၄ ရက်တွင် နေပြည်တော်ရှိ အမှတ် (၂) စက်မှု ဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၂၀၁၀ ခုနှစ် ဧပြီ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း (မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။


၃၁. ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats