
ယခင် လက်ရေးမူ ဓာတ်ပုံ ကပ်ခွာ စနစ်ဖြင့် ထုတ်ပေးသော နိုင်ငံကူး လက်မှတ်များ အတွက် ဘဏ်သို့ ငွေသွင်းသည့် ငွေပမာဏမှာ စုစုပေါင်း ၈,၅၀၀ ကျပ် ဖြစ်သည်။ ၂၀၁၀ မတ်လ ၂၉ရက် မှစ၍ မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထား မှုများကို စက်ဖြင့် ဖတ်ရှုစစ်ဆေးနိုင်သော နိုင်ငံကူးလက်မှတ် MRP စနစ်ဖြင့် ဆောင်ရွက် ပေးပါမည် ဟူ၍လည်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးတွင် ကြေညာ ထားသည်။ ထို့ကြောင့် ယခုလ ၂၉ ရက်မှစ၍ ပတ်စ်ပို့ လျှောက်ထား သူများသည် ပုံစံ-၁၇၊ ပုံစံ- ၁၉ မပါ၊ ဘဏ်သွင်းငွေ အပါအဝင် ရုံးတွင်း ကုန်ကျ ငွေစုစုပေါင်း ၂၇,၂၀၀ ကျပ် ကျသင့် ခဲ့သည်ဟု Machine Readable Passport စနစ် ဖြင့် စတင် လျှောက်ထား ခဲ့သူ များက ဆိုသည်။ ယခင် ရက်များ၌ နိုင်ငံကူး လက်မှတ် လျှောက်ထားရန် ဘဏ်၌ ငွေကျပ် ၈၅၀၀ သွင်း ထားသော်လည်း စလစ် မထုတ်ယူ ရသေး သူများသည် ယခု ရက်၌ ဆက်လက် ဆောင်ရွက် ပါက ဘဏ်၌ ငွေကျပ် ၂၀,၀၀၀ ပြည့်ရန် ထပ်တိုး ပေးသွင်း ခဲ့ရသည်ဟု ကိုယ်တိုင် ဆောင်ရွက် ခဲ့သူ များက ပြောသည်။
ဘဏ်၌ ငွေသွင်းရသည့် ပမာဏ ပြောင်းသွား သော်လည်း တခြားသော လုပ်ဆောင် ရသည့် ပုံစံများ မှာ ယခင် အတိုင်းသာ ဖြစ်ကြောင်း သိရသည်။ တစ် ကမ္ဘာ့လုံး၌ ရိုးရိုး နိုင်ငံကူး လက်မှတ်များ (လက်ရေးဖြင့်) သုံးစွဲ ခြင်းအား ၂၀၁၅ ခုနှစ်တွင် ရပ်ဆိုင်း တော့မည် ဟု မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ယခု နှစ်ဆန်းပိုင်း က ထုတ်ဝေသော လက်ကမ်း စာစောင်တွင် ဖော်ပြ ထား ပါသည်။
၃၁ . ၃ . ၂၀၁၀
|

0 comments:
Post a Comment