
တရုတ် အမျိုးသားတွေ က ယွမ်ငွေ တစ်သောင်း ကနေ သုံးသောင်းလောက်သာ ပေးရတဲ့ တခြား ပြည်ပက အမျိုးသမီး တွေကိုပဲ ပိုက်ဆံ နည်းနည်း နဲ့ ပေါင်းသင်း ယူကြတယ်။ အဲဒါက သူတို့ရဲ့ ဈေးကွက် ဖြစ်လာတယ်” ဟု ၎င်းက ထပ် လောင်း ရှင်းပြသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်း လူကုန် ကူးမှု ၁၅၅ မှု ဖြစ်ပေါ် ခဲ့ပြီး၊ တရားခံ ၄၂၉ ယောက်အား ဖော်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနှစ် အတွင် လူကုန်ကူး ခံရသူ ၄၃၁ ယောက်အား မြန်မာ အစိုးရ နှင့် သက်ဆိုင်ရာ နိုင်ငံ အစိုးရတို့ ညှိနှိုင်း၍ တရားဝင် လွှဲပြောင်း ရယူ ခဲ့ကြောင်း သိရသည်။ လူကုန်ကူးမှု ဖြစ်စဉ်များ ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ် များပေါ် အခြေခံပြီး ဆောင်ရန် ရှောင်ရန်နှင့် လူကုန် ကူးခံရပါက ဆက်သွယ် ရမည့် ဖုန်းနံပါတ်များ သိရှိစေရန်၊ လူကုန်ကူးမှု ကျူးလွန်မှု အတွက် ဥပဒေ နှင့် မည်ကဲ့သို့ အရေးယူပုံကို သိရှိစေရန်တို့ အတွက် လူကုန်ကူးမှု အသိပညာပေး လက်ကမ်း စာစောင် တစ်သိန်းကို အဝေးပြေး ကားဂိတ်များ၊ သယ်ယူ ပို့ဆောင်ရေး ဧရိယာများ၊ နယ်စပ် ဒေသ များတွင် အခမဲ့ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၃၁. ၃ . ၂၀၁၀
|

0 comments:
Post a Comment