
နာရေး ကိစ္စ ဖြစ်ပေါ်မှု များအား အခမဲ့ ကူညီ ပေးနေသည့် နာရေး ကူညီမှု အသင်းမှ လက်ရှိ နာရေး ပို့ဆောင် သင်္ဂြိုဟ်ပေးသည့် ကူညီ မှုများ အပြင် နာရေး လိုက်ပါ ပို့ဆောင် သူများ အတွက်ပါ ကြိုပို့ယာဉ် အခမဲ့ ကူညီ ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း နာရေး ကူညီမှု အသင်းမှ သိရသည်။အဆိုပါ အစီအစဉ်ကို သင်္ကြန် အပြီးတွင် ကူညီ ပေးနိုင်ရန် စီစဉ် နေခြင်း ဖြစ်ပြီး နယ်ဒေသ တစ်ခုရှိ အလှူရှင် တစ်ဦးက လာရောက် လှူဒါန်း ထားသည့် မော်တော်ယာဉ် ကို အသုံးပြုကာ ကူညီရန် စီစဉ် နေခြင်း ဖြစ်ကြောင်း သိရသည်။
''အခု လက်ရှိမှာတော့ နာရေး သယ်ပို့ယာဉ် ၁၇ စီးနဲ့ နာရေး ကိစ္စတွေကို ပို့ဆောင် ကူညီ ပေးနေ ပါတယ်။ ကူညီ ပေးတဲ့ အခါမှာလည်း အအေးခန်းမှာ သုံးရက် ထားဖို့ ကုန်ကျတဲ့ စရိတ်ကို ကျခံ ပေးပြီး မီးသင်္ဂြိုဟ် ပြီးတဲ့ အထိ ကူညီပေး ပါတယ်။ အခု လောလော ဆယ်တော့ အဲဒီယာဉ်ကို ယာဉ်ကြံ့ခိုင်မှု အတွက် ပြင်ဆင် နေပြီး သင်္ကြန် အပြီး ကူညီ ပေးနိုင်ဖို့ကို စီစဉ် နေပါတယ်''ဟု နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း Weekly Eleven တွင် ဖော်ပြ ထားပါသည်။
၃၁ . ၃ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment