နိုင်ငံတကာ နှင့် အင်တာနက် ဆက်သွယ် မှု မရှိသည့် အခါ များတွင်လည်း မြန်မာနိုင်ငံ အတွင်း အီးမေးလ် အပြန် အလှန် ပို့ခြင်း၊ Chatting ၊ မြန်မာ နှင့် ပတ်သက်သော သတင်း များကို ရှာဖွေခြင် ပြုလုပ် နိုင်ရန် ဆောင်ရွက် နေကြောင်း ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ဆောင်ရွက် ချက်များကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်က လွှင့်တင် ထားသည့် အမျိုးသား အဆင့် ရတနာပုံ ၀က်ဘ်ပေါ်တယ် မှ တစ်ဆင့် ဆောင်ရွက် နိုင်ရန် စီစဉ် နေကြောင်း သိရသည်။ “ လူတွေ အသုံး များတဲ့ Gmail Account တို့၊ Chatting တို့ကို အခမဲ့ သုံးစွဲ နိုင်မှာပါ” ဟု ၄င်းက ပြော ကြားသည်။နိုင်ငံတွင်း သုံးစွဲ နိုင်အောင် စီစဉ် ထားသည့် ၄င်းရတနာပုံ ၀က်ဘ်ပေါ်တယ်ကို ဒေါ်လာ နှစ်သန်းခန့် ရင်းနှီး မြှုပ်နှံ ထားပြီး ကဏ္ဍ စုံအောင် ဆောင်ရွက်သည့် အထဲတွင် အီးမေးလ် Chat ကဏ္ဍ များကို အခမဲ့ ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများ သုံးစွဲမှု အများဆုံး ကဏ္ဍ ကို စစ်တမ်း ကောက်ချက် အရ အီးမေးလ်သုံးစွဲမှု ၉၀ ရာခိုင်နှုန်း၊ Search Engine သုံးစွဲ၍ သတင်း အချက် အလက် ရှာဖွေမှု ၇၇ ရာခိုင်နှုန်း ရှိကြောင်း၊ နိုင်ငံတွင်း သုံးစွဲမှု အများဆုံး ကဏ္ဍကို အခမဲ့ သုံးစွဲ နိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အီးမေးလ် သုံးခြင်းက ပထမ၊ အထွေထွေ ဗဟုသုတ အတွက် သတင်း အချက် အလက် ရှာဖွေခြင်းက ဒုတိယ နှင့် ပညာရေး ဆိုင်ရာ သတင်း အချက် အလက်များ၊ ဖျော်ဖြေရေး ဆိုင်ရာ သတင်း အချက် အလက်များ ရှာဖွေမှုက တတိယ နေရာတွင် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၃၁ . ၃ . ၂၀၁၀
|

0 comments:
Post a Comment