
မွေးသက္ကရာဇ် - ဧပြီလ ၁၃၊ ၁၉၆၉
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ ခုနှစ် ကျောင်းသား အရေး အခင်းတွင် သန်လျှင် မြို့နယ်လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ကို ဦးဆောင် ဖွဲ့စည်း၊ ၁၉၈၉ ခုနှစ်တွင် ဟံသာဝတီ ခရိုင် ကျောင်းသား သမဂ္ဂ ဥက္ကဌ ၊ ၁၉၉၁ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရေး တာဝန်ခံ
မေး - နိုင်ငံရေးပါတီ ထောင်ရတဲ့ အဓီက ရည်ရွယ် ချက်ကို ပြောပြ ပေးပါဦး
ဖြေ - နိုင်ငံရေး လုပ်တယ် ဆိုတာ ပြည်သူကို တရားဝင် စည်းရုံး နိုင်ဖို့ လိုပါတယ်။ နေရာ တစ်နေရာမှာ လျှို့လျှို့ ဝှက်ဝှက် တွေ့ဆုံပြီး လုပ်မယ် ဆိုရင် ရေရှည် မဖြတ်သန်း နိုင်ပါဘူး။ တရားဝင် စည်းရုံးဖို့ အတွက် နိုင်ငံရေး ပါတီ ထောင်ရ တာပါ။
မေး- ရွေးကောက် ပွဲနဲ့ ဆိုင်တဲ့ ဥပဒေတွေ အပေါ် ဘယ်လို ထင်မြင် ယူဆချက် ရှိပါသလဲ။
ဖြေ - ရွေးကောက်ပွဲဟာ ဘယ်လို အခြေ အနေလဲ ဆိုတာ ပြည်တွင်းမှာ နေတဲ့ သူတွေ အားလုံး သိပြီး သားပါ။ ဒီ အခြေ အနေ တွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ရ မှာပါ။ အများကြီးတော့ မျှော်လင့် လို့တော့ မရဘူး။
မေး- ထင်မြင် ယူဆချက်တွေ ပြီးတော့ ရွှေးကောက် ပွဲနဲ့ ပတ်သက်ပြီး တခြား ဘာတွေ မျှော်လင့်ထား သလဲ။
ဖြေ-တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ် ဆိုရင် အခြေ အနေတွေ အားလုံးကို တရား မျှတဖို့ လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ ဆိုတာ မတူ ကွဲပြားခြင်း တွေကို ရှင်သန်ခွင့် ပေးတာပါ။ တစ်သွေး၊ တစ်သံ၊ တစ်သားတည်း ညီညွတ်တာ မဟုတ်ပါဘူး
မေး- ရွေးကောက်ပွဲ ဥပဒေတွေ မလုပ်ခင် ကတည်းက ကန်တော်ကြီး ဟိုတယ်မှာ မြန်မာ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခဲ့တယ် ဆိုတော့ အဲဒီ ကတည်းက အစိုးရ နဲ့ အပေး အယူ လုပ်ခဲ့ သလား။ သုံးစွဲတဲ့ ငွေကြေးကို ဘယ်လို နည်းလမ်းနဲ့ ရခဲ့လဲ။
ဖြေ -သုံးစွဲခဲ့တဲ့ ငွေကြေးတွေ ကလည်း တခြား အဖွဲ့ အစည်းတွေဆီ က ထောက်ပံ့တာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းကြတဲ့ ကျွန်တော် တို့နဲ့ တခြား မိတ်ဆွေ တွေရဲ့လှူဒါန်း ငွေပါတဲ့။ ဘယ်သူ ဘယ်လောက် ထည့်ထားတယ် ဆိုတာ စာရင်းနဲ့ ရှိတာမို့ အချိန်မရွေး လာကြည့်နိုင် ပါတယ်။
မေး - တခြား ဘာထပ်ပြီး ပြောချင်ပါ သေးလဲ။
ဖြေ -ပါတီ ရန်ပုံငွေကို ကိုယ့် ဘာသာကိုယ် ကြိုးစားပြီး ရှာတာမျိုး လုပ်သလို ပြည်သူတွေ ဆီက အလှူ ခံတာမျိုးလည်း လုပ်ပါမယ်။ အမျိုးသား ပြန်လည် သင့်မြတ် မှုကို ရှေးရှုတဲ့ အပြောင်း အလဲ ဆိုရင် ပြည်သူ တွေကော ၊ စီးပွားရေး လုပ်ငန်း ရှင်တွေ ပါ လှူဒါန်း ကြပါ လိမ့်မယ်။ နှောင်ကြိုး ပါတဲ့ အကူ အညီ ကိုတော့ လက်မခံပါဘူး။
[ ဟံသာဝတီ သတင်းဌာန အနေဖြင့် ဤ အင်တာဗျူး ကို ထောက်ခံခြင်း ၊ မထောက်ခံခြင်း ကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခ္ခဏာ ဖြစ်စေ၊ အနုတ် လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင် တစ်ခု ဆောင်နေပါက စာဖတ် ပရိတ် သတ်များ သတိ ပြုမိ စေလို ၍ ကူးယူ ဖော်ပြ ပေးခြင်းသာ ဖြစ်ပါသည်။ ]
အောင်စိုး၊ ကျော်ဆန်းမင်း
၂ . ၅ . ၂၀၁၀ | The Voice
|

0 comments:
Post a Comment