
မွေးသက္ကရာဇ် - မတ်လ ၁၂၊ ၁၉၆၈
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ ခုနှစ် ကျောင်းသား အရေးအခင်းတွင် ပါဝင်၊
၁၉၉၁ ခုနှစ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ပြန်လည် ဖွဲ့စည်းရန် စာတမ်း ပြုစု၍ တစ်ပတ်ကြာ အဖမ်း ခံရ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ အဖွဲ့ ( မြန်မာနိုင်ငံ ) - ဒုတိယ ဥက္ကဋ္ဌ ( ၂ဝဝ၆ - ၂ဝဝ၉ )
မေး - နိုင်ငံရေး ပါတီ ထောင်ရတဲ့ အဓီက ရည်ရွယ် ချက်ကို ပြောပြ ပေးပါဦး
ဖြေ- ဖြစ်နိုင်တဲ့ အချက်ကို ရှာလိုက်တော့ Road Map ကိုတွေ့တယ်။ အပေး အယူ လုပ်ရင် ရမယ်လို့ ထင်တယ်။
မေး - လက်ရှိ အစိုးရ ကို အပေး အယူ လုပ်လို့ ရမယ်လို့ ဘာကြောင့် ထင်တာလဲ တောခို ခဲ့တဲ့ အကိုက
ဖြေ - သူတို့ မလုပ်ပေး နိုင်တာကို မတောင်း ဆိုဘူး။ သံသယ ကင်းကင်းနဲ့ နိုင်ငံရေး လုပ်မယ်၊ တိုင်းပြည် ဖွံ့ဖြိုးရေး လုပ်မယ်။ ဘာပေး မလဲ ဆိုတော့ ရွေးကောက်ပွဲကို လက်ခံမယ်။ ဘာပြန်ယူ မလဲဆိုတော့ အရပ်သား နိုင်ငံရေးကို အသိအမှတ်ပြု လေးစား ရမယ်။
မေး - အပေး အယူ လုပ်တဲ့ အတွက် အထင်မှား ခံရဖို့ ကြိုတင် စဉ်းစား ထားလား။ ဘယ်လို ပြင်ထားလဲ။
ဖြေ - အရေးကြီးဆုံးက ပြည်သူတွေရဲ့ အမြင်မှာ ကျွန်တော်တို့ ရွေးကောက်ပွဲ ဝင်မယ့် သူတွေကို ဒီမိုကရက်တစ် အင်အားစု တွေလို မြင်အောင် သက်သေပြ ရမယ်။ စစ်တပ် လက်ကိုင်တုတ် မဟုတ်ဘူး။ စစ် အုပ်ချုပ်ရေး သက်ဆိုး ရှည်အောင် ရှေ့နေ လုပ်ပေး နေတာ မဟုတ်ဘူးလို့ မြင်အောင် သက်သေ ပြရမယ်။ အရေးကြီးဆုံးက အနာဂတ်မှာ နိုင်ငံရေး အကျပ် အတည်းတွေ မဖြစ်အောင် စစ်တပ်နဲ့ လက်တွေ့ လုပ်နိုင်တယ် ဆိုတာ ပြနိုင် ရမယ်။ အခြေခံ အကြောင်း တရားက နိုင်ငံရေး လုပ်မယ် ဆိုရင် စစ်တပ်ကို နားလည်ဖို့ လိုပါတယ်။
မေး - ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဥပဒေတွေ အပေါ် ဘယ်လို ထင်မြင် ယူဆချက် ရှိပါ သလဲ။
ဖြေ - ရွေးကောက်ပွဲ ဥပဒေတွေ မထုတ်ပြန်ခင်တုန်း ကတော့ ဟောပြော ဆွေးနွေးဖို့ အခွင့်အရေး မရှိ သလောက်ပါ။ ဥပဒေ၊ နည်းဥပဒေတွေဟာ တင်းကျပ် မှုတွေ၊ ကန့်သတ် ချက်တွေ များတယ်လို့ ထင်ရ ပေမယ့် ကျွန်တော်တို့ လက်မခံလို့မှ မရတာ။ ပါတီသစ်တွေ အနေနဲ့ မှတ်ပုံတင်ကြေးက ပြဿနာ မဟုတ်ပေမယ့် လွတ်တော် ကိုယ်စားလှယ် မှတ်ပုံ တင်ကြေးမှာ အခက် တွေ့နိုင် ပါတယ်။
မေး - ကိုယ်စားလှယ် မှတ်ပုံ တင်ကြေးမှာ အခက် အခဲ ရှိမယ် ဆိုတော့ ဘယ်မဲဆန္ဒနယ် တွေမှာ ပြိုင် မှာလဲ၊ ဘာတွေ ပြင်ဆင် ထားလဲ။
ဖြေ - ပြည်သူ့ လွတ်တော် မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်ဖို့ မှန်းထား ပါတယ်။ ကိုယ်စားလှယ် ဦးရေ ပိုလာရင် အမျိုးသား လွှတ်တော်မှာ ထပ်ပြိုင်မယ်။ တိုင်း ဒေသကြီး၊ ပြည်နယ် တွေမှာ မဟာမိတ် အင်အားစုတွေ ပေါ်လာအောင် လုပ်ပါမယ်။ နောက်တစ်ခုက လွှတ်တော်တွေ ထဲကို နိုင်ငံရေး ပါးနပ် သူတွေ၊ စစ်တပ်နဲ့ လက်တွဲ လုပ်နိုင်မယ့် သူတွေ ရောက်သွားဖို့ အရေးကြီးတယ်။ ခိုင်မာ ပြတ်သားတဲ့ မူဝါဒ ရှိရ ပေမယ့် ညင်သာ ပျော့ပျောင်းဖို့ လိုတယ်။
မေး - ရွေးကောက်ပွဲ ဥပဒေတွေ မလုပ်ခင် ကတည်းက ကန်တော်ကြီး ဟိုတယ်မှာ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခဲ့တယ် ဆိုတော့ အဲဒီကတည်းက အစိုးရနဲ့ အပေး အယူ လုပ်ခဲ့ သလား။ သုံးစွဲတဲ့ ငွေကြေးကို ဘယ်လို နည်းလမ်းနဲ့ ရခဲ့လဲ။
ဖြေ - မြန်မာ့ အရေး ဆွေးနွေး ပွဲကို၂ဝ၁ဝ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကန်တော်ကြီးမှာ လုပ်ခဲ့ တာပါ။ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို တရားဝင် အသိပေး တင်ပြခဲ့ ပါတယ်။ ဘာ အပေး အယူမှ မလုပ်ခဲ့ ပါဘူး။ နိုင်ငံရေး သမားကြီး တွေနဲ့ ကြိုတင် ဆွေးနွေး ခဲ့တာပဲ ရှိပါတယ်။
၂ . ၅ . ၂၀၁၀ | The Voice
|

0 comments:
Post a Comment