Navigation - link to other main sections from here


မြန်မာ ကပ္ပတိန် နှင့် အာရှ သင်္ဘောသားများပါ ဆွဲသင်္ဘော ပင်လယ်ဓါးပြ အတိုက်ခံရ


မြန်မာလူမျိုး သင်္ဘော ကပ္ပတိန် ဦးမြင့်ဆွေ နှင့်အတူ အင်ဒိုနီးရှား သင်္ဘောသား ၆ ဦး၊ မလေးရှား သင်္ဘောသား ၂ ဦးတို့ တာဝန် ထမ်းဆောင် နေသော အတ္တလန္တိတ် သရီး အမည်ရှိ ဆွဲသင်္ဘောသည် စင်္ကာပူ အနီး အင်ဒိုနီးရှား ရေပြင်ပိုင်နက်တွင် ဧပြီလ ၂၇ ရက်နေ့က ပင်လယ် ဓါးပြ တို့၏ စီးနင်း တိုက်ခိုက် ခဲ့ခြင်းကို ခံရသည်ဟု ဆိုသည်။ ထို့နောက် သူတို့ အားလုံးကို ကြိုးတုတ်ပြီး အခန်း တစ်ခန်းထဲ ထည့်ထားခဲ့ပြီး ယင်း အခန်း တွင်းမှာ ရက်အတန်ကြာ နေခဲ့ရသည်ဟု အသက် ၄၀ အရွယ် အင်ဒိုနီးရှား လူမျိုး အဖရီဇဲလ်က ပြောပြသည်။

ဦးမြင့်ဆွေက ပြောပြရာတွင် မလေးရှား နိုင်ငံတွင် မှတ်ပုံ တင်ထားသော တန် ၃၀၀ ရှိသူတို့၏ ဆွဲသင်္ဘောသည် သမ္ဗန် အလွတ် တစ်စီးကို တွဲလျက် ထိုင်းနိုင်ငံမှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာလာခဲ့ ကြောင်း၊ မလေးရှားနိုင်ငံ ဂျိုဟွာ ပြည်နယ်တွင် ဆီဖြည့်ပြီး ရေမိုင် ၃၅ မိုင်ခန့် မောင်းနှင် အပြီးတွင် ပင်လယ် ဓါးပြ ခုနှစ် ယောက် သင်္ဘောပေါ် တက်လာ ခဲ့ကြောင်း၊ ညအချိန် ဖြစ်သဖြင့် သူတို့၏ သင်္ဘောကို မမြင်ခဲ့ကြကြောင်း၊ ဓါးပြ များသည် သေနတ်များနှင့် တောခုတ်ဓါးများ ကိုင်ဆောင်ထားပြီး အင်ဒိုနှင့် မလေးရှားစကားများ ပြောဆို ကြကြောင်း၊ သူတို့သည် ငွေကြေးများနှင့် ကိုယ်ပိုင်ပစ္စည်းများကို ခြေအိတ်နှင့် ဖိနပ်များပါမကျန် လုယက် ယူကြကြောင်း၊ တွေ့သမျှ အားလုံး ယူပြီး သူတို့ကို အခန်းထဲ ထည့်ထားခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောပြ ပါသည်။

ဓါးပြများသည် မေလ ၃ ရက်နေ့တွင် သူတို့ကို အသက်ကယ် ဖေါင်ပေါ်တင်ပြီး မျှောလိုက်ရာ တောင်တရုတ် ပင်လယ် စပတ်တီ ကျွန်းများ အနီးတွင် ဗီယက်နမ် ရေတပ်က တွေ့ရှိ ကယ်တင်ခဲ့ ရသည်ဟု ဆိုပါသည်။ ပင်လယ် ဓါးပြ များသည် ရေကြောင်းကျွမ်း ကျင်မှုရှိပြီး ကမ္ဘာ့ စီးပွားရေးပျက် ကပ်ကြောင့် အလုပ်ပြုတ်ခဲ့ ရသော သင်္ဘောသား ဟောင်းများ ဖြစ်နိုင် သည်ဟု သိရသည်။



၁၄ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats