မြန်မာ့ ကြယ်ငါးပွင့် လုပ်ငန်းမှ သင်္ဘောသားများအား ခန့်ထားမှု စနစ် ပြောင်းလဲ သကဲ့သို့ လစာငွေ နှုန်းထားများ ကိုလည်း နိုင်ငံတကာ သင်္ဘော လိုင်းများ နှင့် အညီ နိုင်ငံခြား ငွေဖြင့် တိုးမြှင့် သတ်မှတ် လိုက်ကြောင်း မြန်မာ့ ကြယ်ငါးပွင့် လုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဦးစိုးမောင်က ပြောသည်။ သင်္ဘော ဝန်ထမ်းများ ခန့်ထား ရာတွင် ယခင်ကဲ့သို့ နှစ်ရှည် ခန့်ထားခြင်းမျိုး မဟုတ်ဘဲ (၆)လ၊ (၁)နှစ် တာဝန် ထမ်းဆောင်ရန် စာချုပ် စနစ်ဖြင့် ခန့်ထားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သင်္ဘောသား များ၏ လစာနှုန်းထားမှာလည်း ယခင်က နိုင်ငံတော် ဝန်ထမ်း လစာ နှုန်းထားများ အတိုင်း ရရှိ နေရာမှ ယခုအခါ သတ်မှတ်နေရာ ရာထူး အလိုက် နိုင်ငံတကာ သင်္ဘောလိုင်းများ ကဲ့သို့ နိုင်ငံခြား ငွေဖြင့် ပေးရန် တိုးမြှင့် သတ်မှတ် လိုက်ကြောင်း သိရသည်။ ထို့ပြင် ကမ်းရိုတန်းသွား သင်္ဘောလိုင်းများ ပေါ်တွင် တာဝန် ထမ်းဆောင်မည့် သင်္ဘောသား ဝန်ထမ်းများ ကိုလည်း လက်ရှိ ကမ်းရိုးတန်းသွား ကုမ္ပဏီ များ၏ လစာထက် သာလွန်သော နှုန်းထားများဖြင့် တိုးမြှင့် ခံစားခွင့်ပြုမည်ဟု မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ရေကြောင်းနှင့် အင်ဂျင်နီယာဌာနမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် တာဝန် ထမ်းဆောင် လိုသော အရာရှိများ၊ သင်္ဘော သားများ အနေဖြင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ရေကြောင်းနှင့် အင်ဂျင်နီယာဌာနတွင် မေလ ၁၅ ရက်မှ စတင်၍ လျှောက်ထား နိုင်သည်။ အဆိုပါ သင်္ဘောလိုင်းမှ ပြေးဆွဲပေး နေသော သင်္ဘော အလိုက် သတ်မှတ် နေရာ နှင့် လစာနှုန်းထား များကို အဆိုပါ ရုံးရှေ့တွင် ကြေညာချက်များ ထုတ်ပြန် ထားကြောင်း ၂၀၁၀ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားသည် ကိုတွေ့ရှိရသည်။
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းသည် ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့ အစည်း တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတော်ပိုင် သင်္ဘောလိုင်း ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကို ဖြည့်ဆည်းရန် ရည်ရွယ် ချက်ဖြင့် ၁၉၅၉ ခုနှစ်မှစ၍ တည်ထောင် ခဲ့သော သင်္ဘောလိုင်း ဖြစ်သည်။
မြန်မာ့ ကြယ်ငါးပွင့် သဘောင်္လိုင်း၏ လုပ်ငန်းဆောင်ရွက်မှုများ
သင်္ဘောအင်အား
နိုင်ငံခြားသွားသင်္ဘော | |||
| တန်ချိန် | | တန်ချိန် |
ထားဝယ် | ၁၁၆၅၄ ၊ ၃၈၂ * | မော်လမြိုင် | ၁၁၆၆၀ ၊ ၄၀၀ * |
ကျိုင်းတုံ | ၁၁၆၅၄ ၊ ၃၈၂ * | စစ်တွေ | ၁၁၆၆၀ ၊ ၄၀၀ * |
စစ်ကိုင်း | ၁၃၀၅၅ ၊ ၃၈၃ * | Cosmic Master | ၁၀၂၉၀ |
မကွေး | ၁၃၀၅၅ ၊ ၃၈၃ * | Cosmic Challenger | ၈၃၃၅ |
ပဲခူး | ၁၃၁၀၅ ၊ ၃၈၃ * | Ocean Brave | ၆၉၅၀ |
မန္တလေး | ၁၃၁၀၅ ၊ ၃၈၃ * | Spring Trader | ၈၂၄၂ |
ချင်းရွှေဟော် | ၃၃၀၀ | မိုင်းလား | ၃၃၀၀ |
ပုဂံ | ၂၀၇၆ | ဘားအံ | ၂၀၇၆ |
* သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ |
ကမ်းရိုးတန်းသွားသင်္ဘော | |||
| တန်ချိန် | | တန်ချိန် |
လွိုင်ကော် | ၇၉၀ | လားရှိုး | ၇၀၀ |
ဖားရွှေကျော်ရွာ | ၁၅၇၅ | ရွှေလီ | ၁၃၀၅ |
ထုံးရွာ | ၁၇၂၀ | ဟားခါး | ၉၄၈ ၊ ၃၁၅ * |
မြစ်ကြီးနား | ၉၄၈ ၊ ၃၁၅ * | တောင်ကြီး | ၉၄၈ ၊ ၃၁၅ * |
သံလွင် | ၅၉၂ ၊ ၄၄၀ * | ချင်းတွင်း | ၅၉၂ ၊ ၄၂၈ * |
* တင်ဆောင်နိုင်သောခရီးသည် |
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အောက်ပါ ခရီးစဉ်များ ပြေးဆွဲ ပို့ဆောင် ပေးလျက် ရှိသည်-အရှေ့ဖျားခရီးစဉ်
-တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်
အရှေ့တောင်အာရှခရီးစဉ်
- စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း
ဥရောပခရီးစဉ်
- အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်
ကုန်သေတ္တာခရီးစဉ်
- ရန်ကုန်နှင့်စင်္ကာပူကြား (သုံးရက်ခြားခရီးစဉ်)
ကမ်းရိုးတန်းခရီးစဉ်
- စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ ကိုကိုးကျွန်း
ပင်လယ်ရေကြောင်းသယ်ယူပို့ ဆောင်ရေးလှုပ်ရှားမှုများ
ဆယ်စုနှစ်ပေါင်း များစွာ ပင်လယ် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အတွေ့ အကြုံ များဖြင့် အောက်ပါ လုပ်ငန်း များကို အထောင် အထည်ဖော် ဆောင်ရွက် ပေးနေသည်။
အထွေထွေကုန်သယ်ယူပို့ ဆောင်ရေး
မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်းသည် ဓါတ်မြေသြဇာ၊ ဘိလပ်မြေ၊ ပဲမျိုးစုံ၊ သစ်နှင့် အခြားပို့ကုန်၊ သွင်းကုန် များကို သယ်ယူ ပို့ဆောင် ပေးလျက် ရှိသည်။
ကုန်သေတ္တာသယ်ယူပို့ ဆောင်ရေးလုပ်ငန်း
ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ရန်ကုန်နှင့် စင်္ကာပူကြားတစ်ပတ်လျှင် (၂)ကြိမ် သယ်ယူ ပို့ဆောင် ပေးလျှက် ရှိသည်။
ကိုယ်စားလှယ်လုပ်ငန်း
မြန်မာ့ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းဖြင့် တင်ဆောင် လာသော ကုန်ပစ္စည်း များကို ရန်ကုန် ဆိပ်ကမ်းတွင် ကုန်တင် / ကုန်ချမှု လုပ်ငန်း မှန်ကန် မြန်ဆန် စေရန် ကိုယ်စားလှယ် လုပ်ငန်း ဌာန တစ်ခု ဖွင့်လှစ်၍ ဆောင်ရွက်လျှက် ရှိသည်။

သာကေတဆိပ်ခံတံတား
နယ်စပ်ဒေသများဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းရှိ ဆိပ်ကမ်းမြို့ များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ကိုကိုးကျွန်း၊ မြိတ်၊ ကော့သောင်းတို့ကို ခရီးသည်နှင့် ကုန်များသယ်ယူပို့ဆောင်နိုင်စေရန် အတွက် ဆိပ်ခံ တံတား တစ်ခုကို သာကေတမြို့ နယ်ရှိ ပဲခူးမြစ်ကမ်းပေါ်တွင် တည်ဆောက်ထားပြီး လုပ်ငန်း ဆောင်ရွက်လျှက် ရှိသည်။
၁၄ . ၅ . ၂၀၁၀
|

0 comments:
Post a Comment