Navigation - link to other main sections from here


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တည်ထောင်ခွင့် သည် ဥပဒေ နှင့် ညီကြောင်း (NEC) ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် အစိုးရ ၀န်ကြီးများ အနေဖြင့် ပါတီ တည်ထောင်ခွင့် လျှောက်ထား ခြင်းမှာ ဥပဒေ နှင့် ညီ / မညီ၊ ပါတီ တည်ထောင်ခွင့် ပြုနိုင် / မပြုနိုင် ကို အမေရိကန် သံရုံး ယာယီ တာဝန်ခံ Mr. Larry M. Dinger က မြေမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (NEC) ဥက္ကဋ္ဌ ဦးသိန်းစိုးမှ ပါတီ တည်ထောင် လိုသူ များတွင် နိုင်ငံ့ ၀န်ထမ်းများ မပါဝင်ရန်သာ ဥပဒေ ပြဋ္ဌာန်းချက် ရှိပါကြောင်း၊ ၀န်ကြီး များသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post သာ ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၈ ၌ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ စတင်တည်သည့် နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်အောက်၌ ဖွဲ့စည်း ထားရှိသည့် တပ်မတော် အပါအ၀င် ဌာနဆိုင်ရာ အဖွဲ့ အစည်း များ၌ အမှုထမ်းရွက်ဆဲ ဖြစ်ကြသော နိုင်ငံ့ ၀န်ထမ်း များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ က အခြား ပြဋ္ဌာန်းခြင်း မပြုသမျှ ဆက်လက် အမှုထမ်း ရမည်ဟု လည်းကောင်း၊ အခြေခံ ဥပေဒပုဒ်မ ၄၄၄(က) ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သည့် နေ့၌ တည်ရှိနေသော အစိုးရ အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ တာဝန် ပေးအပ်သည့် အစိုးရ အဖွဲ့ မပေါ်ပေါက်မီ မိမိတို့ သက်ဆိုင်ရာ တာဝန်များကို ဆက်လက် ဆောင်ရွက် ရမည်ဟု လည်းကောင်း ပြဋ္ဌာန်း ထားရှိသည် ဖြစ်ရာ လက်ရှိ ၀န်ကြီးများက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ် ပါကြောင်း၊ အခြား နိုင်ငံများ တွင်လည်း သမ္မတ၊ ၀န်ကြီးများက ပါတီ လုပ်ငန်း များတွင် ဆောင်ရွက် နေမှုများ ရှိပါကြောင်း၊ နောင်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ဖွဲ့စည်းမည့် အစိုးရ အဖွဲ့တွင် ၀န်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသူ များသာ ပါတီ လုပ်ငန်း များတွင် ပါဝင် လုပ်ကိုင်မှု မပြုရန် လိုအပ်ကြောင်း ပြန်လည် ဖြေကြား ပါသည်။

၁၃ . ၅ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats