ရန်ကုန်မြို့လယ်ကောင် အတွင်း ဆောက်လုပ်လျက် ရှိသော အဆောက် အအုံ တစ်လုံး၏ ဖောင်ဒေးရှင်း ပြုလုပ် နေစဉ် သံကူငြမ်းများ ပြိုကျ ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက် အအုံသည် လသာမြို့နယ် ၂၃ လမ်း အပေါ် ဘလောက် တွင် အန္တရာယ်ရှိ အဆောက် အအုံအား ဖြိုဖျက် ပြီးနောက် အသစ် ဆောက်လုပ်လျက် ရှိသော အဆောက် အအုံ ဖြစ်သည်။ ယင်း ဖြစ်စဉ်အား ကိုယ်တိုင်မြင် တွေ့ခဲ့သူ တစ်ဦး ကလည်း '' မနက် ၉ နာရီ ကျော်လောက်မှာ သံငြမ်းတွေ လဲကျလာ တာတွေ့ရတယ်။ DB တိုက်ကို ဖြိုပြီး အခု မှစပြီး ဆောက်တဲ့ တိုက်ပါ၊ ကျွန်မတို့ သိတာ ကတော့ ရှစ်လွှာ ဆောက်မယ်လို့ ကြားပါတယ်''ဟု ယင်းက ပြောသည်။ယင်းကဲ့သို့ ပြိုကျ ခဲ့ခြင်းအ ပေါ် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက သုံးသပ် ပြောကြားရာ '' အဆောက် အအုံတွေ ဆောက် ရင် အောက်ခြေ ဖောင်ဒေးရှင်း ပြီးတာနဲ့ သံချောင်း တွေထောင်ပြီး သူတို့ကို ကွင်းနဲ့ ဆက်ရတယ်။ ပြီးမှ ကွန်ကရစ်လောင်းရ တယ်။ ကွန်ကရစ် လောင်းတဲ့ နေရာမှာလဲ သံချောင်းက ပေ ၄၀ ရှိရင် တစ်ထပ်စာပဲ ဖြတ်ပြီး လုပ်တာ။ ဒါက အင်ဂျင်နီယာ ပညာမှာ သူ့ရဲ့နည်းပညာ အတိုင်း လုပ်ရ တာပါ။
အခု ဒီမှာက သံချောင်းကို တစ်ထပ် စာမထောင်ဘဲ စရိတ် သက်သာအောင် နှစ် ထပ်စာ ထောင်ကြ တာမို့လို့ ဒီလိုဖြစ်သွား တာ။ တစ်ထပ်ချင်း အလိုက် သံချောင်းကို ဆက်ပြီးသွားရင် ငွေ ပိုကုန်တာပေါ့။ ဒါပေမဲ့ နှစ်ထပ်စာပေ ၄၀ ထောင်ရင် လုပ်ငန်းခွင် Safety ကို ဂရုစိုက်ပြီး သေချာ လုပ်ရမှာ ပေါ့။ ကွန်ကရစ်ကို အရည် အသွေးမီ လောင်းမယ်ဆိုရင်တော့ ဆောက်ပြီး သွားရင် ပြဿနာ မရှိပါဘူး။ ဒီဘက် ခေတ်မှာ မြန်မာတွေ က အင်ဂျင်နီယာရော၊ ပန်းရန်ရော၊ လက်သမားရော လုပ်တတ် ကြတယ်။ တစ်ခုပဲ အားနည်းတာ။ အဲဒါက Safety ကိစ္စပါ''ဟု ပြောကြားကြောင်း ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထား ပါသည်။
၂၈ . ၄ . ၂၀၁၀
|

0 comments:
Post a Comment