Navigation - link to other main sections from here


ရန်ကုန် - နေပြည်တော် လေကြောင်း ခရီးစဉ် ပုဂ္ဂလိက လေကြောင်း လိုင်းများ ပျံသန်း ပြေးဆွဲခြင်း မပြုတော့


ရန်ကုန်- နေပြည်တော် လေကြောင်း ခရီးစဉ် ကို ပုဂ္ဂလိက လေကြောင်း လိုင်းများ ပျံသန်း ပြေးဆွဲခြင်း မပြု တော့ကြောင်း လေယာဉ် လက်မှတ် အရောင်း ဌာနများမှ စုံ စမ်း သိရသည်။ အဆိုပါ ခရီးစဉ်ကို လေကြောင်း လိုင်းများ ပျံသန်းခြင်း မပြုတော့ သည်မှာ ရန်ကုန် - မန္တလေး အမြန် ကားလမ်းမကြီး ပေါ်ထွန်း လာခြင်းကြောင့် ခရီးသည်များ အနေဖြင့် လေကြောင်း လိုင်း အစီး နည်းပါး သွားပြီး ယင်း ခရီးစဉ်ကို Express ကားများ ဖြင့်သာ သွား ရောက်မှု များပြား လာသည် ဟု သိရသည်။

"နေပြည်တော် ခရီးစဉ်ကို ပုဂ္ဂလိက လေကြောင်းတွေက မပျံသန်းတာ သုံး၊ လေး လရှိပါပြီ။ ကားလမ်း ပေါက်ပြီး ကတည်းက သွားချင်တဲ့ ခရီးသည်တွေ ခရီးသည်တင် ကား တွေနဲ့ပဲ သွားကြတာ များတယ်။ ဒီနှစ် သင်္ကြန် မှာလဲ ခရီးသည် မရှိ သလောက် ပါဘဲ။ လေယာဉ်နဲ့ ဆိုရင်ေ ဈးကြီးပြီး အခု ကားနဲ့က လွယ် ကူနေတော့ Express ကားကြီးတွေပဲ အလုပ် ဖြစ်နေ တယ်လေ"ဟု Seven Diamond ပြည်တွင်း ပြည်ပ လေယာဉ် လက်မှတ် အရောင်း ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းရန်ကုန် - နေပြည်တော်ခရီး စဉ်ကို အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး အစ ရှိသည့် ပုဂ္ဂလိက လေကြောင်း လိုင်းများက ယခင်က ပျံသန်းမှု ပြုခဲ့ပြီး ယခုအခါ မြန်မာ့ လေကြောင်းလိုင်း တစ်လိုင်း တည်းသာ နေ့စဉ် ပုံမှန် ပျံသန်း ပေးလျက် ရှိသည်ဟု သိရကြောင်း ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါ သည်။

၂၈ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats