Navigation - link to other main sections from here


ဇောတိကစီမံကိန်း မှ သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်း ပိုက်လိုင်း လမ်းကြောင်း တိုင်းတာခြင်းများ လုပ်ဆောင်


မုတ္တမ ကမ်းလွန်ရှိ လုပ်ကွက် အမှတ် M-9 ဇောတိက စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များ ထုတ်လုပ်ရန် ကုန်းတွင်း ပိုင်း နှင့် ကမ်းလွန်ပိုင်း ပိုက်လိုင်း သွယ်တန်းမှု အတွက် လိုအပ်သော မြေစမ်းသပ် တိုင်းတာခြင်း၊ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်း တိုင်းတာ ခြင်းများ လုပ်ဆောင်လျက် ရှိ ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဇောတိက သဘာဝ ဓာတ်ငွေ့ စီမံကိန်း တွင် စီမံကိန်း အတွက် လိုအပ်သော ဆိပ်ကမ်း သို့ ချဉ်းကပ်လမ်း တိုင်း တာမှု အတွက် ကုန်းတွင်းပိုင်း ဘူမိ နည်းပညာ စူးစမ်း လေ့လာခြင်း၊ အခြေစိုက် စခန်း တည်ဆောက်ခြင်း များလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရှိ ရသည်။ ထို့ပြင် ကုန်းတွင်း ပိုင်းနှင့် ကမ်းလွန်ပိုင်း ပိုက်လိုင်း သွယ်တန်းရန် လိုအပ်သော ကုန်းတွင်းပိုင်း၊ ပင်လယ်ပိုင်း နှင့် လုပ်ကွက် တိုင်းတာ မှုတို့ အတွက် ဘူမိ နည်းပညာ စူးစမ်း လေ့လာခြင်း များကို သက်ဆိုင်ရာ ကန်ထရိုက်တာ တို့၏ တိုင်းတာရေး ယာဉ်များဖြင့် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရှိ ရသည်။

ထို့ပြင် လိုအပ်သော စက်ပိုင်း ဆိုင်ရာ ကိရိယာများ တပ်ဆင် နေပြီ ဖြစ်ကြောင်း သိရသည်။ မုတ္တမ ကမ်းလွန်၌ လုပ်ကိုင်လျက် ရှိသော PTTEP International ကုမ္ပဏီ သည် လုပ်ကွက် အမှတ် M-7, M-9, M-3, M-4, M-11 တို့ကို ရယူပြီး M-9 လုပ်ကွက်မှ တွေ့ရှိ ထားသော သဘာဝ ဓာတ်ငွေ့ များအား ထုတ်ယူရန် လိုအပ်သော ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ် နေခြင်း ဖြစ်သည်။ ဇောတိက သဘာဝ ဓာတ်ငွေ့ တွင်းမှ သဘာဝ ဓာတ်ငွေ့ တစ်နေ့လျှင် ကုဗပေ သန်း ၃၀၀ ထုတ်လုပ် နိုင်ကြောင်း နှင့် ယင်း တစ်နေ့ ထုတ်လုပ် နိုင်မှု မှ ကုဗပေသန်း ၂၄၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့မည် ဖြစ်ပြီး ကုဗပေ သန်း ၆၀ ကို မြန်မာ နိုင်ငံတွင် သုံးစွဲ သွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် တွင် ဖော်ပြ ထားပါသည်။


၉ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats