Navigation - link to other main sections from here


ရွှေဘို အောင်မြေ၀င်း မန်ကျည်း ပင်စည် မှ စေတီပုံ နှင့် ထူးခြား ပုံများ တွေ့ရ


ရွှေဘိုမြို့အ၀င် အောင်မြေဘုရားဝင်း အတွင်း၌ အောင်မြေ အဖြစ် သတ်မှတ် ထားသော အောင်မြေ ဗိမာန်၏ မြောက်ဘက်တွင် အသစ် တည်ထားမည့် အောင်မြေ ဗောဓိ စေတီ နှင့် သတ္တဌာနမြေ နေရာကို ဖေဖော်ဝါရီ ၈ ရက်က သြ၀ါဒါ စရိယ ဆရာတော်ကြီးများ သွားရောက် ကြည့်ရှုရာ ခုတ်လှဲ ရှင်းလင်း ထားသော မန်ကျည်းပင် တစ်ပင် ပင်စည် မှ စေတီပုံ နှင့် ထူးခြား ပုံများကို တွေ့ရှိရကြောင်း သိရသည်။ "မန်ကျည်းပင်ကို ခုတ်လှဲရှင်း လင်းတာ မန်ကျည်းပင် တစ်ပင်ရဲ့ အနှစ်က စေတီပုံ၊ ဗောဓိညောင်နဲ့ စေတီပုံ၊ စင်္ကြံ လျှောက်ပုံ၊ ကမ္မဋ္ဌာန်း ထိုင်နေပုံ ထူးခြားစွာ တွေ့ရတာပဲ။ အောင်မြေနေရာက ကျေးဇူး တော်ရှင် ဝေဘူ ဆရာတော်ကြီး သီတင်းသုံး ခဲ့ဖူးတယ်။ အခု မန်ကျည်းပင်မှာ တွေ့ရတဲ့ပုံနဲ့ ဆရာတော်ကြီး ကမ္မဋ္ဌာန်း ထိုင်ပုံ၊ စင်္ကြံ လျှောက်ပုံ တူတယ် ဆိုပြီး ဓာတ်ပုံနဲ့ တကွ တွဲပြ ထားတယ်။ ဘုရားဖူးလာ သူတွေ အောင်မြေနင်း သူတွေ ပူဇော် ကြည့်ရှုနိုင် အောင် အောင်မြေဘုရား ဂေါပက အဖွဲ့က အောင်မြေ ဂန္ဓကုဋိတိုက်မှာ ပြသ ထားတယ်" ဟု အောင်မြေဘုရား ဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောသည်။


စေတီပုံ နှင့် ထူးခြား ပုံများ ဖြစ်ပေါ် နေသော မန်ကျည်းပင် မှာ အခြေ နှစ်ထွာ ရှိပြီး အမြင့် ၁၂ တောင် ရှိသည်။ အခြေမှ နှစ်ထွာ ရှိ နေရာတွင် လွှဖြင့် ဖြတ်လှဲရာ ထူး ခြားပုံများ တွေ့ရခြင်း ဖြစ်သည်။ အောင်မြေ ဂေါပက အဖွဲ့မှ အောင်မြေ ဗောဓိ စေတီကို ဗုဒ္ဓဂယာပုံစံတူ စေတီတော် တစ်ဆူကို စတင် ဆောက်လုပ်ရန် ပန္နက်ရိုက်ပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း(မ်) တွင် ဖော်ပြ ထားပါသည်။

၈ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats