Navigation - link to other main sections from here


ကိုဇာဂနာ အပါ အ၀င် နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးဖို့  HRW အဖွဲ့ တောင်းဆို


နာဂစ်သင့် ပြည်သူ များကို ကူညီခဲ့ မှုကြောင့် ထောင် နှစ်ရှည် ချမှတ်ခြင်း ခံနေ ရသော ကိုဇာဂနာ အပါ အ၀င် နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးဖို့ အမေရိကန် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာ သူများ အဖွဲ့က ယနေ့ တောင်းဆို လိုက်သည်။ I Want to Help My People “ကျနော့် လူမျိုး တွေကို ကူညီ ချင်တယ်” အမည်ရှိ စာမျက်နှာ ၁၁၁ မျက်နှာပါ အစီရင်ခံစာ တစ်စောင်ကို မြန်မာ နိုင်ငံမှာ နာဂစ် တိုက်ခတ်ပြီး ၂ နှစ်ပြည့်ဖို့ တပတ်လောက် အလိုမှာ Human Rights Watch အဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ဒီ ကနေ့ ဖြန့်ချိ လိုက်သည်။

ထိုင်း နိုင်ငံရေး မငြိမ် သက်မှုကြောင့် သွားလာရ ခက်ခဲ့တဲ့ ကြားကနေ နိုင်ငံတကာ သတင်း ဌာန တွေနဲ့ ဘန်ကောက် အခြေစိုက် မြန်မာ သတင်း သမားတွေ တက်ရောက် ခဲ့ကြသည်။ Human Rights Watch အဖွဲ့ ၊အာရှ ဌာနခွဲ မှ ဒုတိယ ဒါရိုက်တာ မစ္စစ် Elaine Pearson နှင့် သုတေသနမှုး မစ္စတာ David Scott Mathieson တို့က ပင်တိုင် ရှင်းလင်း ပြောကြား ကြသည်။ ဒီ အစီရင်ခံစာကို နာဂစ် သေသ တွင်းမှ နာဂစ်ဒဏ်သင့် ပြည်သူပေါင်း ၁၃၅ ယောက်ကို တွေ့ ဆုံ မေးမြန်းပြီး ပြုစု ထားခြင်း ဖြစ်သည်။ ဆိုင်ကလုန်း နာဂစ်ကြောင့် သေဆုံး သူပေါင်း ၁၄၀၀၀၀ ( တစ်သိန်း လေးသောင်း ) ရှိပြီး ၂ သန်းလေးသောင်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း အစီရင်ခံစာတွင် ဖေါ်ပြ ထားသည်။

ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်း အတွင်းမှ ထိုမျှ မကသော လူများ သေကြေ ပျက်စီး နေခြင်းကို မြန်မာ စစ်အစိုးရ ဟာ ဥပေက္ခာ ပြုပြီး၂၀၀၈ ခု ၊ မေလ ၁၀ က နေ ၂၄ ရက်နေ့ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု ခိုင်းခဲ့ခြင်းမှာ အထူး အံ့သြ တုန်လှုပ် စရာ ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ထောက်ပြ ပြောဆို ထားသည်။ နာဂစ် ဖြစ်ပြီး ခါစ နိုင်ငံတကာ အကူအညီ များကို ငြင်ဆန်ခဲ့ ပြီးနောက် ၂၀၀၈ မေလ ၃၁ ရက် နေ့တွင် ကုလသမဂ္ဂ အဖွဲ့ကြီး ၊ အာဆီယံနဲ့ မြန်မာ အစိုးရ တို့က သုံးပွင့်ဆိုင် ကူညီရေး အဖွဲ့ ကိုဖွဲ့ခဲ့ ကြသည်။

သို့ရာတွင် နာဂစ်သင့် ပြည်သူ တွေကို ကူညီ စောင့်ရှောက်သည့် လူတွေကို ဖမ်းဆီးတာ ၊ ထောင်ချခြင်း ၊ သတင်း ယူတဲ့ သတင်းထောက် တွေကို ဖမ်းဆီးတာတွေ အပြင် နိုင်ငံတကာ မိသားစုတွေ လာရောက်ခြင်း ကိုလည်း တင်းကျပ်စွာ စောင့်ကြည့် တာကြောင့် ကူညီရေး လုပ်ငန်းတွေ နှောက်နှေး ကြန့်ကြာခဲ့ ရသည်။ ထို့အပြင် နာဂစ် ဒေသသို့ နိုင်ငံတော် စစ်ခေါင်းဆောင်များ လာမည် ဆိုလျှင် နာဂစ် ဒုက္ခသည်များက လမ်းတံတား နှင့် သန့်ရှင်းရေး လုပ်အားလည်း ပေးရကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသား ဖေါ်ပြ ထာသည်။ ယခု ၂ နှစ် ကြာခဲ့ပြီ ဖြစ်သော်လည်း နာဂစ် မုန်တိုင်းသင့် ပြည်သူ များမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အပြင် စားဝတ် နေရေးများပါ အကျပ် အတည်း ဖြစ်နေဆဲ ဖြစ်သဖြင့် ၀ိုင်းဝန်း ကူညီကြဖို့ လိုအပ်သေးကြောင်း အမေရိကန် အခြေစိုက် HRW အဖွဲ့က ရေးသား ထုတ်ဝေ ခဲ့သည်။

၂၉ . ၄ . ၂၀၁၀ | ကိုကျော်သောင်း (ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats