Navigation - link to other main sections from here


မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဆိုင်းငံ့ ကာလ သို့မဟုတ် စိုးရိမ် ရသည့် ကာလ


ထိုင်း နိုင်ငံရေး လှုပ်ရှားမှု အရှိန် မြင့်တက် လာမှုသည် အိမ်နီးချင်း နိုင်ငံ များ၏ ရွှေ့ပြောင်း အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်မှု လုပ်ငန်းများ ရပ်တန့်မှု ဖြစ်ပေါ်လာ စေသည်။ ထိုင်း အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူများ မှလည်း လက်ရှိ နိုင်ငံရေး လှုပ်ရှားမှုကို ပိုမို ၀ရုန်း သုန်းကား ဖြစ်ပေါ် လာစေ နိုင်သည်ဟု ယူဆပြီး တစ်နိုင်ငံ လုံးရှိ ၄င်းတို့၏ အရာရှိများကို ရွှေ့ပြောင်း အလုပ်သမား များ၏ နိုင်ငံသား စိစစ်မှု လုပ်ငန်းများ ရပ်တန့် ထားကြရန် အကြောင်း ကြားထားပြီး ဖြစ်သည်။

ထိုင်း အလုပ်သမား ဥပဒေ အရ ရွှေ့ပြောင်း အလုပ် သမားများ သည် အလုပ်သမား အခွင့် အရေးကို တောင်းဆို နိုင်သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင် ပတ်သက်ခွင့် မရှိချေ . .


၂၀၁၀ မတ်လ ၁၂ ရက်နေ့က နိုင်ငံခြားသား အလုပ် သမား စီမံ ခန့်ခွဲမှု ဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သူ Thanit Numnoi မှ နောက်ထပ် အမိန့် တစ်စုံ တစ်ရာ မထုတ်ပြန်မ ချင်း ယခု ထုတ်ပြန်သည့် အမိန့်အရ ပြည်နယ် အသီးသီးမှာ ရှိသော အလုပ် ခန့်ထားရေး အရာရှိ များသည် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကို နိုင်ငံသား စိစစ်မှု လုပ်ငန်းများ ရပ်ဆိုင်း ထားရန် အမိန့် ထုတ်ပြန် ခဲ့သည်။ ၄င်းတို့ စိုးရိမ် နေသည်မှာ လက်ရှိ နိုင်ငံရေး မတည် ငြိမ်မှုကို ဆက်လက် ဖြစ်စေ နိုင်ပြီး၊ ဆန္ဒပြသည့် အုပ်စု နှင့် သွားရောက် ပူးပေါင်းမည်ကို စိုးရိမ် သောကြောင့် ဖြစ်သည်။ သို့ကြောင့်လည်း ထို အလုပ် သမားများ အား ယခုချိန် ကာလ တွင် ခရီးသွားလာမှု များကို ထိန်းချုပ်ရန်၊ စစ်ဆေးရန် အမိန့်များ ထုတ်၍ ကြပ်မတ်လျှက် ရှိကြသည်။ သို့သော် ဆန္ဒပြသည့် အုပ်စုနှင့် သွားရောက် ပူးပေါင်း လှုပ်ရှား ကြသည့် ရွှေ့ပြောင်း အလုပ်သမားများ သတင်း အား ရရှိ ထားခြင်း မရှိချေ။

ဆန္ဒပြ နေကြသည့် အနီရောင် ရှပ်ဝတ် သူများ အကြားတွင် တွေ့ရှိပါက ထို ရွှေ့ပြောင်း အလုပ် သမားကို ထောင်ဒဏ် ငါးနှစ် နှင့် ထိုင်းဘတ် ငွေနှစ်သောင်း မှ တစ်သိန်း အထိ ဒဏ်ရိုက်မည် ဖြစ်သည်။ ၄င်းအပြင် အလုပ် ရှင်အား အလုပ်သမား တစ်ဦး အတွက် ဘတ် တစ်သောင်းမှ ဘတ် တစ်သိန်း အထိ ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်းကို ထိုင်း အလုပ်သမား ၀န်ကြီးက မတ်လ ၉ ရက်နေ့က ပြောကြား ထားသည်။ ယခုကဲ့သို့ ထိုင်း အစိုးရမှ အမိန့် ထုတ်ပြန် ထားခြင်းသည် ယခင်က ဖြစ်ခဲ့ ဖူးသော အနီဝတ်၊ အ၀ါဝတ် အုပ်စုများတွင် ရွှေ့ပြောင်းအ လုပ်သမားများ ပါဝင် ခဲ့ဖူးသည့် သာဓကများ ရှိခြင်းကြောင့် ဖြစ်သည်။

ထိုင်း အလုပ်သမား ဥပဒေ အရ ရွှေ့ပြောင်း အလုပ် သမားများ သည် အလုပ်သမား အခွင့် အရေးကို တောင်းဆိုနိုင် သော်လည်း ထိုင်း နိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင် ပတ်သတ်ခွင့် မရှိချေ။ ယခု ကာလ သည် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် အလုပ် သမား လက်မှတ် သက်တမ်း တိုးခြင်း၊ နိုင်ငံသား စိစစ်မှု ပြုလုပ်ခြင်း နှင့် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ခြင်း တို့ ဆောင်ရွက် နေသည့် ကာလ ဖြစ်သလို အထောက် အထား လက်မှတ် မရှိသူ များကို တာဝန် ရှိသူ များမှ ဖမ်းဆီး ပြည်နှင် ခံရမည်ကို စိုးရိမ် ရသည့် ကာလလည်း ဖြစ်သည်။

အလုပ် သမား ၀န်ကြီး ဌာန၏ စာရင်း ဇယားများ အရ ယခင် နှစ်က ရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၃ သန်းခန့် ရှိသည့် အနက် ယခု နှစ်တွင် မှတ်ပုံ တင်ထားခြင်း မရှိ သေးသည့် ဦးရေ ငါးသိန်းခန့် ရှိနေသည်ဟု သိရသည်။ ၂၀၀၉ ခုနှစ် အလုပ် လုပ်ခွင့် ပါမစ် ရထား သူသည် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် ပြန်လည် အသစ် လျှောက်ထားပြီး နိုင်ငံသား စိစစ်မှု လုပ်ငန်း စဉ်တွင် ပါဝင် ဆောင်ရွက်ခွင့် ရှိသူ ဖြစ်သည်။ ထို ပါဝင် ဆောင်ရွက်ခွင့် ရှိသူ ရွှေ့ပြောင်း အလုပ် သမား စုစုပေါင်း (၁၃၁၅၉၃၂) ဦးရှိရာ မြန်မာ အလုပ် သမား (၁၀၇၉၉၉၁) ဦး၊ ကမ္ဘောဒီးယား အလုပ် သမား (၁၂၄၉၀၂) ဦး နှင့် လာအို အလုပ်သမား (၁၁၁၀၃၉) ဦး တို့ ဖြစ်ကြသည်။

၂၀၁၀ မတ်လ ၂ ရက် နေ့တွင် အလုပ် လုပ်ခွင့် ပါမစ် သက်တမ်း တိုးရမည့်သူ စုစုပေါင်း (၈၈၄၅၅၆) ဦး ရှိရာ အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း တိုးရန် အရည် အချင်း ပြည့်မီသူ အရေ အတွက် ၆၇ ရာခိုင်နှုန်း ဖြစ်သည်။ ထို အထဲတွင် မြန်မာ အလုပ် သမား (၇၂၀၆၉၉) ဦး၊ ကမ္ဘောဒီးယား အလုပ်သမား (၇၇၇၁၆) ဦး နှင့် လာအို အလုပ် သမား (၈၆၁၄၁) ဦး တို့ ဖြစ်ကြသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် နေထိုင်သူ (သို့) မှတ်ပုံ တင်ထားခြင်း မရှိသူ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း (၁၅၃၅၈၉၄) ဦး ဖြစ်ရာ ထိုင်း နိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အားလုံး၏ (၆၇) ရာခိုင်နှုန်း အရေ အတွက် ဖြစ်သည်။ ၄င်းတို့မှာ ပြည် နှင် ခံရမည့် သူများ ဖြစ်သည်။ ထို့ကြောင့် ထိုင်း အလုပ်သမား ၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ထိုင်း ရဲတပ်ဖွဲ့တို့မှ အရာရှိ များက ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ ထိုင်း အစိုးရ အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက်ပါ အတိုင်း မတ်လ ၂ ရက် နေ့ထိ နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ် တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိသူ ရွှေ့ပြောင်း အလုပ်သမားများ အားလုံးကို တရား မ၀င် နေထိုင်သူ အဖြစ် သတ်မှတ်ပြီး ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ပြည်နှင်ခြင်း ပြုလုပ် မည်ဟု ထပ်တ လဲလဲ ပြောဆို နေကြသည်။ ၄င်းရွှေ့ပြောင်း အလုပ် သမား များ၏ နေရာများ အစား တရားဝင် အလုပ်သမား အသစ်များ ရရှိရေး အတွက်လည်း တစ်ဖက်က ကြိုးပမ်း ဆောင်ရွက်လျှက် ရှိသည်။

နိုင်ငံသား စိစစ်မှု လုပ်ရန် အတွက် လျှောက်လွှာ တင်ပြ ထားသူ ရွှေ့ပြောင်း အလုပ် သမားပေါင်း (၉၂၄၄၇၅) ဦး ဖြစ်သည်။ ၄င်း အထဲတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၇၅၆၇၃၃) ဦး၊ ကမ္ဘောဒီးယား အလုပ်သမား (၈၁၆၀၁) ဦး နှင့် လာအို အလုပ် သမား (၈၆၁၄၁) ဦး တို့ ဖြစ်သည်။

၂၀၁၀ မတ်လ ၂ ရက်နေ့ အထိ နိုင်ငံသား စိစစ်မှု လုပ်ငန်း ဆောင်ရွက်ပြီးစီးသူ ရွှေ့ပြောင်းအလုပ်သမားပေါင်း (၁၇၄၅၆၈) ဦးဖြစ်သည်။ ထိုအထဲတွင် မြန်မာအလုပ်သမား (၄၅၃၄၈)ဦး၊ ကမ္ဘောဒီးယားအလုပ်သမား (၇၀၇၉၀) ဦးနှင့် လာအိုအလုပ် သမား (၅၈၄၃၀) ဦးတို့ ဖြစ်သည်။

ထို ရွှေ့ပြောင်း အလုပ်သမား အစုလိုက် အပြုံလိုက် ပြည်နှင် ခံရမည့် အရေး နှင့် လူကုန် ကူးခြင်း ခံရမှု၊ လူမှောင်ခိုမှု အန္တရာယ် တို့မှ ကင်းဝေးစေရန် အလုပ် သမား အရေး လေ့လာေ စာင့်ကြည့်သည့် လူမှု အဖွဲ့အစည်း အချို့က အကြံပြုချက် ခြောက်ချက်ကို ထိုင်း တာဝန် ရှိသူများအား တင်ပြ ခဲ့ကြသည်။

၎င်းတို့မှာ မှတ်ပုံ တင်ထားခြင်း မရှိသူ ရွှေ့ပြောင်း အလုပ်သမား (၁ ဒသမ ၅) သန်း ခန့်ကို မှတ်ပုံ တင်ခြင်း လုပ်ငန်း ပြန်လည် ပြုလုပ် ပေးသင့်ကြောင်း၊ သို့မှသာ နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်ကို လုပ်ခွင့် ရမည်၊ လုပ်ခွင့် ပေးရမည် ဖြစ်ကြောင်း၊ မတ်လ ၂ ရက်နေ့ ထိ အလုပ် လုပ်ခွင့် ပါမစ် အသစ် သက်တမ်း မတိုးထားသူ ရွှေ့ပြောင်း အလုပ် သမား ငါးသိန်းကျော် နှင့် မှတ်ပုံ တင်ထားခြင်း မရှိသူ တစ်သန်းကျော် တို့အား ပြည်နှင်မည့် အရေး ရပ်စဲ သင့်ကြောင်း၊ နိုင်ငံသား စိစစ်မှု လုပ်ငန်းတွင် အလုပ် သမားနှင့် အလုပ်ရှင် အား အထောက် အပံ့ ပြုနေသည့် အေဂျင်စီ များ၏ ၀န်ဆောင်ခ တောင်းခံသည့် နှုန်းများ ကို စည်းမျဉ်း စည်းကမ်း များဖြင့် စနစ် တကျ ထိန်းသိမ်း ကြပ်မတ် ရမည် ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံသည် မြန်မာ နိုင်ငံမှ တာဝန်ရှိ သူများနှင့် လိုအပ်သည် များကို ဆက်လက် ညှိနှိုင်း ဆောင်ရွက် သင့်ကြောင်း၊ ထိုင်း အလုပ်သမား ၀န်ကြီး ဌာန အနေဖြင့်လည်း ယခင် ကထက် အလုပ် သမားများ မှတ်ပုံ တင်ရေး ကိစ္စ၊ နိုင်ငံသား စိစစ်မှု ကိစ္စ ရပ်များ နှင့် ပတ်သက် သည့် ထိရောက်သော အသိ ပညာပေးမှု လုပ်ငန်း များကို အလုပ် သမား အဖွဲ့ အစည်းများ၊ အလုပ်ရှင် အဖွဲ့အစည်း များတို့နှင့် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း နှင့် ထိုင်း အစိုးရ အနေဖြင့် ပြည်တွင်းရှိ ဌာနဆိုင်ရာ အသီးသီး တို့နှင့် ပူးပေါင်းကာ ထိုရွှေ့ပြောင်း အလုပ် သမားများ အရေးသည် အပြန် အလှန် အကျိုး ပြုမည့် ကိစ္စ တစ်ရပ် အနေဖြင့် အဖြေရှာ သင့်ပြီ ဖြစ်ကြောင်း အကြံပြု တင်ပြ ထားကြသည်။

Source: Summary of Thai Na-tional Human Rights Commi-ssion Meeting (10.12.2010)


Written by ၀င်းနိုင်ထွန်း
၂၉ . ၄ . ၂၀၁၀ | Weekly Eleven

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats